“မိမိ ချစ်သူ Facebook ပေါ် ချီးမွှမ်းခံရသည်ကို မနာလို၍ အမျိုးသားက ရဲတင်းဖြင့် တိုက်ခိုက်”


ချစ်သူရည်းစား၏ ရုပ်ရည်ရူပကာကို အခြားအမျိုးသားတဦးက လူမှုမီဒီယာပေါ်၌ ချီးမွှမ်းပြောဆိုသည်ကို တွေ့ရှိပြီးနောက် မနာလိုဝန်တိုဖြစ်ကာ အသက် ၅၂ နှစ်အရွယ် အမျိုးသားက အသက် ၂၈ နှစ်အရွယ်
အမျိုးသမီးအား ရဲတင်းဖြင့် တိုက်ခိုက်မှု ဇန်န၀ါရီ ၂၁ ရက်က မလေးရှားတွင် ဖြစ်ပွားခဲ့သည်။

လူမှုကွန်ရက်ပေါ်မှ အဆိုပါ ချီးမွှမ်းပြောဆိုမှုနှင့်ပတ်သက်၍ ၎င်းတို့ နှစ်ဦး အပြင်းအထန် အချင်းများခဲ့ကြသည်။ အမျိုးသားဖြစ်သူသည် ၀န်တိုစိတ်မွှန်ကာ ချစ်သူ၏ ခြေ၊ လက်များကို ရဲတင်းအနှောင့်ဖြင့် ထုရိုက်ခဲ့ကြောင်း၊ ယင်းနောက် နေအိမ်မှ မောင်းထုတ်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရသူ အမျိုးသမီး၏ ယာဘက်မျက်လုံး ယောင်ရမ်း၍ လက်နှစ်ဘက်တွင်လည်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း ခရိုင်ရဲမှူးကြီး ၀ါဟိဒ် က ပြောသည်။

“မိန်းကလေးငြင်းပေမယ့် သူမမှာ နောက်ထပ်ချစ်သူတယောက် ရှိတယ်လို့ ထင်နေတာ”ဟု ရဲမှူးကြီးက ပြောသည်။ အဆိုပါ စုံတွဲသည် လက်မထပ်ဘဲ အတူနေထိုင်လျက်ရှိသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ၎င်းတို့တွင် လေးလအရွယ် သမီးကလေးတဦးရှိကြောင်း The New Straits Times က ဖော်ပြသည်။

ပြစ်မှုကျုးလွန်သူအမျိုးသား ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး ၎င်းသည် မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ ခြိမ်းခြောက်မှုများဖြင့် ဖမ်းဆီးခံရဖူးသူဖြစ်ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment