လစ်ဗျားနိုင်ငံ ရေနံသိုလှောင်ကန်များကို IS များ အလုံးအရင်းဖြင့် အင်အားသုံးဝင်ရောက်တိုက်ခိုက်


IS များအနေဖြင့် ဆီးရီးယား တွင် အခြေမလှဘဲ အလုံးအရင်း ကျဆုံးပြီး ဆုတ်ခွာနေကြသည့် အတွက် တစ်ဖက်တွင် လစ်ဗျား နိုင်ငံ၏ ရေနံဆိပ်ကမ်းမြို့ဖြစ်သည့် ရာ့စ်လန်နပ်ဖ် (Ras Lanouf) ကို ဝင်ရောက်တိုက်ခိုက်နေသည်။လစ် ဗျားစစ်တပ်နှင့် IS စစ်သွေးကြွ များ အပြန်အလှန်ပစ်ခတ်ရာမှ လက်နက်ကြီးများထိမှန်ကာ ရေနံ လှောင်ကန်များလည်း မီးလောင် ခဲ့သည်။ လစ်ဗျားတပ်များမှာ ရေနံ ပိုက်လိုင်းထိန်းချုပ်ရေးစခန်းများ ကို အဓိကထားကာကွယ်နေပြီး ယခုထိ တစ်ဖက်နှင့်တစ်ဖက်အပြန် အလှန် ပစ်ခတ်နေကြောင်း သိ ရသည်။

IS စစ်သွေးကြွများအနေဖြင့် တူရကီ၏ အထောက်အပံ့များကို အလုံးအရင်းရရှိထားပြီး စစ်လက် နက်များဖြည့်တင်းခြင်း၊ တပ်သား သစ်များ၊ ပညာရှင်များကို ငွေဖြင့် မက်လုံးပေးထောက်ပံ့ကာဆွဲဆောင် သိမ်းသွင်းနိုင်သည့်အတွက် ဆီးရီး ယားတွင် အထိနာနေသော်လည်း တစ်ဖက်တွင် တိုက်ခိုက်ရှိန်မြင့် တက်လာခြင်းဖြစ်ကြောင်း ဆီးရီး ယားအစိုးရမှ ဝေဖန်ထားသည်။ လက်ရှိအချိန်ထိ လစ်ဗျားစစ်တပ်မှ တပ်သားနှစ်ဦး လက်နက်ထိမှန် သေဆုံးခဲ့သည်။ လစ်ဗျားနိုင်ငံ သည် နိုင်ငံဝင်ငွေ ၉၅ ရာခိုင် နှုန်းခန့်ကို ရေနံတင်ပို့ရောင်းချခြင်း မှ ရရှိသည်။ှု စစ်သွေးကြွများ လက်ချက်ကြောင့် ယခုမီးလောင် နေသည့် ရေနံသိုလှောင်ကန်တွင် ရေနံစည်ပေါင်း ၄၂ဝ,ဝဝဝ သို လှောင်ထားရှိကြောင်း သိရသည်။

ညိုချော
Source:theguardian
The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment