အထွန့်တက်တဲ့ကလေးက ပိုပြီးအောင်မြင်တဲ့လူကြီး ဖြစ်လာနိုင်



ကလေးတွေ ပြန်ခံပြောတာကို မိဘအများစုက မကြိုက်ကြပါဘူး။ ကလေးတွေ စောဒကတက်တဲ့အခါ မိဘတွေ စိတ်ဆိုးလေ့ရှိပါတယ်။
ဒါပေမယ့် အထွန့်တက်တာ၊ ဆင်ခြေပေးတာတွေဟာ ကလေးတစ်ယောက်ဖွံ့ဖြိုးတိုးတက်ရေးမှာ အထူးလိုအပ်ပါတယ်။
အထွန့်တတ်တဲ့အကျင့်ဟာ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ စိတ်ပညာရှင် ကယ်လီ အမ် ဖလန်နေဂန်က ဟင့်အင်းလို့ မငြင်းနိုင်တာ၊ တစ်နည်းအားဖြင့် ကိုယ့်ကိုလာကန့်သတ်တာကို မငြင်းပယ်နိုင်တာဟာ လူသားတွေစိတ်ဒဏ်ရာခံစားရတဲ့ အခြေခံအကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
စောဒကတက်တဲ့ကလေးတွေကို လူဆိုးလေးတွေလို့ မသတ်မှတ်ဘဲ အရေးကြီးတဲ့လေ့ကျင့်ခန်းဆင်းနေတဲ့သူလို့ မိဘတွေက သတ်မှတ်ပါလို့ ဗာဂျီးနီးယားတက္ကသိုလ်က စိတ်ပညာရှင် ဂျိုးဆက် ပီ အယ်လန်က ပြောပါတယ်။
ကလေးတွေဟာ သူတို့ဘ၀အတွက် ကိုယ်ပိုင်ထိန်းချုပ်ခွင့်ကို လိုချင်တဲ့အခါ အထွန့်တက်ကြပါတယ်။ ပန်းပင်ရေလောင်းတာကို ညနေ ၆ နာရီအစား ၇ နာရီမှ လုပ်လို့မရဘူးလားလို့ ကလေးဘ၀မှာ အထွန့်တက်တတ်ရင် လူကြီးဖြစ်တဲ့အခါ ညှိနှိုင်းတာကို ကောင်းကောင်းကျွမ်းကျင်နေမှာပါ။ ညှိနှိုင်းမှုဆိုတာ လူကြီးတစ်ယောက် မဖြစ်မနေ ကျွမ်းကျင်ရမယ့် အလုပ်မဟုတ်လား။
ဒါကြောင့် ကလေးတွေ အထွန့်တက်တဲ့အခါ လျှာမရှည်နဲ့၊ မိဘပြောတဲ့အတိုင်းလုပ်လို့ ပိတ်ပြောမယ့်အစား သူတို့စကားကို နားထောင်လိုက်ပါ။ ပြောသမျှ လက်မခံခိုင်းဘဲ ညှိညှိနှိုင်းနှိုင်းလုပ်တတ်အောင် သင်ပေးပါ။ အထွန့်တက်တဲ့စကားကို လေးလေးစားစားပြောတတ်အောင်လည်း မိဘတွေက သင်ပေးရပါလိမ့်မယ်။
တစ်ခါတလေ ကလေး အထွန့်တက်လို့ စိတ်မရှည်ဖြစ်လာရင် တစ်ခု သတိရလိုက်ပါ။ သင်ဟာ အနာဂတ်မှာလူကြီးဖြစ်လာမယ့်သူကို မြေတောင်မြှောက်ပေးနေတာဖြစ်ပြီး လူတိုင်းပြောသမျှ လိုက်လုပ်တတ်တဲ့ မီနီယံလေးတွေကို မွေးမြူနေတာမဟုတ်ဘူးလို့။
Credit: စုပြည့်စုံ
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment