နမ့်ယား မူးယစ်ဆေး ရောင်းဝယ်မှုတွင် အစိုးရ ပြည်သူ့စစ်များ ပါဝင်


ဖားကန့် ကျောက်စိမ်းမှော်အတွင်း မူးယစ်ဆေး ရောင်းနေတဲ့ အစိုးရ ရဲ တပ်ကြပ် ကို ဒေသခံ ကချင်လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးနေပုံ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်ယားကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့က တရားမ၀င် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုတွင်ပါဝင်ပြီး KIA နှင့်မသင်္ကာသူများ ကိုလည်း ခြိမ်းခြောက် ဖမ်းဆီးနေကြောင်း သိရသည်။

အစိုးရမှ ဖွဲ့စည်းပေးသော နမ့်ယား(Nam Ya mare) ကျေးရွာပြည်သူ့စစ်အဖွဲ့ ကို ဦး စိုင်းသိန်းအောင် ဦးဆောင်ပါသည်။ ပြည်သူ့စစ်အဖွဲ့ ၀တ်စုံတွင် မြန်မာစစ်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ‘မြား’ တံဆိပ် တပ်ထားပါသည်။

ပြည်သူ့စစ်များက ၎င်းတို့ကိုယ်တိုင် မူးယစ်ဆေးဝါးများ သုံးစွဲကာ ကျေးရွာအတွင်း အဓိက မူးယစ်ဆေးဝါး မြင်းဆေး (စိတ်ကြွဆေး)၊ ဘိန်းဖြူနှင့် ဘိန်းမဲများ လွတ်လွတ်လပ်လပ် ရောင်းဝယ် ဖြန့်ဝေနေသည့် ‘ဂန္တ၀င် ထမင်းဆိုင်’ ကို ယခုချိန်အထိ အရေးယူဖမ်းဆီးခြင်း မပြုပဲ အကာကွယ်ပေးနေသည် ဟု ဒေသခံများ ဆိုပါသည်။

ထို့အပြင် ‘ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြည်သူ့စစ်အဖွဲ့ဝင်’ ဟု မသင်္ကာသူများကို လိုက်လံ ခြိမ်းခြောက် ဖမ်းဆီး စစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကိုပြောသည်။

ယခုလို ပြည်သူ့စစ်များ၏ လုပ်ရပ်ကြောင့် ရွာသားများ စိုးရိမ် ထိန့်လန့်စွာ နေရကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက် ကင်းစင်ရေး အတွက် ကချင် လူမှုအဖွဲ့အစည်းများ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေစဉ် အစိုးရပြည်သူ့စစ်များက လူထုနှင့်ဆန့်ကျင်ဖက် ပြုနေခြင်း ဖြစ်သည်။

Kachin News Group
http://burmese.kachinnews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment