ဒမတ်စကတ်မြို့တွင် IS အဖွဲ့မှ ဗုံးသုံးလုံး ဖောက်ခွဲမှု ကြောင့် လူ ၇၉ ဦးကျော် သေဆုံးပြီး သေဆုံးမှု မြင့်တက်ဖွယ်ရှိ


ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ် တောင်ပိုင်းရှိ ရှီးယိုက်ဒေသတွင် ဗုံးသုံးလုံး ဖောက်ခွဲမှု ဖြစ်ပွားခဲ့စဉ် (ဆင်ဟွာ)
    ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ် တောင်ပိုင်းရှိ ရှီးယိုက်ဒေသ တွင် ဇန်နဝါရီလ ၃၁ ရက်က ဗုံး သုံးလုံး ပေါက်ကွဲမှုကြောင့် လူ ၇၆ ဦးကျော် သေဆုံးခဲ့ပြီး IS စစ်သွေးကြွ အဖွဲ့က ယင်းဖောက်ခွဲမှု အား ၄င်းတို့ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

အဆိုပါ ဗုံးသုံးလုံးသည် ရှီးယိုက် လက်ဘနွန် ဟစ်ဇဘိုလာ အဖွဲ့ ထိန်းချုပ်ထားသည့် ဒမတ်စကတ်၏ တောင်ပိုင်း Sayyidah Zaynab ဒေသတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် SANA သတင်းဌာနက ပထမဆုံး ဗုံးပေါက်ကွဲမှုသည် အယ်-ဆူဒန် လမ်းမပေါ်ရှိ ခရီးသည်တင်ကား အား ဦးတည် တိုက်ခိုက်ခဲ့သည့် ဗုံးတပ်ဆင်ထားသော ကားကြောင့် ဖြစ်ပွားခဲ့ပြီး ကျန်ပေါက်ကွဲမှု နှစ်ခုသည် စုဝေးနေသည့် လူအုပ်ထဲသို့ အသေခံ ဗုံးခွဲခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် သတင်းအရင်းအမြစ် တစ်ခုက ပေါက်ကွဲမှုများကြောင့် လူ ၇၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ဆယ်ဂဏန်းကျော်သည် အခြေအနေ ဆိုးရွားမှုကြောင့် သေဆုံးသူ ဦးရေသည် ထပ်မံ မြင့်တက် လာနိုင်ကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment