တောင်ကိုရီးယားက ပေးအပ်သည့် ငြိမ်းချမ်းရေးဆုတစ်ခုကို ဂျာမနီအဓိပတိ မာကယ်လ် ရရှိ

ဂျာမနီ အဓိပတိ အန်ဂျလာ မာကယ်လ်သည် တောင်ကိုရီးယားက ချီးမြှင့်သည့် ငြိမ်းချမ်းရေးဆိုင်ရာ ဂုဏ်ပြုဆု တစ်ခုကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ကမ္ဘာစစ်နှစ်ခု ဖြတ်သန်းခဲ့သည့် ကာလများအတွင်း ဂျပန်စစ်သားများက ရက်စက်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ကို ယနေ့ခေတ် ဂျပန်ခေါင်းဆောင်များက အသိအမှတ်ပြုရန် ရှောင်လွှဲနေလေ့ရှိကြောင်း တောင်ကိုရီးယားက စွပ်စွဲထားသည်။ မာကယ်လ်ကမူ ဒုတိယ ကမ္ဘာစစ် ကာလအတွင်း ဂျာမနီတပ်များ အနေဖြင့် ရက်စက်သော လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း အသိအမှတ်ပြု ထားခဲ့သည်။
တစ်ကမ္ဘာလုံး ရှေ့မှောက်တွင် အတိတ်က စစ်ရာဇဝတ်မှုများအတွက် ထုတ်ဖော်ဝန်ခံခြင်း၊ တာဝန်ယူတတ်ခြင်းတို့ကို ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်ခဲ့ခြင်းအတွက် မာကယ်လ်ကို (၂၀၁၄)ခုနှစ်၊ ဆိုးလ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခြင်းဟု စက်တင်ဘာ (၁၇)ရက်တွင် ဆုရွေးချယ်ရေး အဖွဲ့က ကြေညာသည်။ (၁၉၈၈)ခုနှစ်၊ ဆိုးလ် နွေရာသီ အိုလံပစ်တွင် အောင်မြင်ခဲ့သူများကို ပေးအပ်ရာမှ နှစ်စဉ် ချီးမြှင့်ခဲ့သည့် အဆိုပါဆုကို ရရှိသူသည် ဒေါ်လာနှစ်သိန်း ဆုငွေအဖြစ် ရရှိကြောင်း သိရသည်။
ဆုရွေးချယ်ရေး ဖောင်ဒေးရှင်းက ဥရောပ၏ စီးပွားရေး အကျပ်အတည်းများအတွင်း မာကယ်လ်၏ ကူညီဆောင်ရွက်မှုများကို ထုတ်ဖော် ချီးကျူးခဲ့သည့်တိုင် ဆုပေးရွေးချယ်သည့် အဓိက အကြောင်းရင်းသည် ဒုတိယ ကမ္ဘာစစ်အတွင်းက နာဇီဂျာမနီတို့၏ ရက်စက်မှုများကို အသိအမှတ်ပြု ထုတ်ဖော်ဝန်ခံခဲ့၍ ဖြစ်ကြောင်း ဆိုသည်။
“မာကယ်လ်ဟာ အတိတ်က စစ်ရာဇဝတ်မှုတွေ၊ လူသားချင်း မစာမနာ ပြုမူမှုတွေအတွက် မှန်မှန်ကန်ကန် ရပ်တည် လုပ်ဆောင်ဖို့ ပျက်ကွက်နေတဲ့ နိုင်ငံတွေအပေါ် အကောင်းဆုံး သတင်းစကားတစ်ရပ် ပေးပို့နိုင်ခဲ့သူ ဖြစ်ပါတယ်”ဟု ဆုရွေးချယ်ရေး အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဂျပန်စစ်တပ်သည် ကိုရီးယား ကျွန်းဆွယ်ကို ကိုလိုနီနယ်မြေအဖြစ် သိမ်းသွင်းခဲ့စဉ်က ကိုရီးယား လူမျိုးများအပေါ် ရက်စက်စွာ ညှင်းပန်းဆက်ဆံမှုများ ရှိခဲ့ပြီး ယင်းအတွက် နောင်တရကြောင်း လုံလောက်သည့် ပြသဖွင့်ဆိုမှုမျိုး မရှိခြင်းအပေါ် တောင်ကိုရီးယားက အစဉ်တစိုက် ကန့်ကွက်လာခဲ့သည်။ (၁၉၁၀)ပြည့်နှစ်မှ (၁၉၄၅)နှစ် အတောအတွင်း ဂျပန်သည် ကိုရီးယားကျွန်းဆွယ်တွင် ကိုလိုနီစနစ်တစ်ရပ် ထူထောင် အုပ်ချုပ်ခဲ့သည်။
ဆိုးလ်ငြိမ်းချမ်းရေးဆုကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း၊ ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗက်လက်ဗ်ဟေဗဲလ်နှင့် နယ်စည်းမခြားဆရာဝန်များ အဖွဲ့မှ မက်ဒီဆင်စ် ဆန်စ် ဖရွန်တီရက်စ်စသော ပုဂ္ဂိုလ်များ ရရှိခဲ့ဖူးသည်။
_Ref: Channelnewsasia
Source:7day daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment