ကဗျာဆန်တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာသာရှိခဲ့တဲ့ အဖြစ်အပျက်တွေ အပြင်မှာ လက်တွေ့တကယ် ဖြစ်ပျက်လာပါပြီ။ Instagram မှာ ဆုံတွေ့ခဲ့တဲ့ စုံတွဲတစ်တွဲဟာ အခုတော့ တကယ်ကြီး လက်ထပ်လိုက်ကြပါပြီ။
လန်ဒန်မှာနေတဲ့ Andrew Darling နဲ့ Nashville မှာနေတဲ့ Nicole Drummond တို့ဟာ Instagram မှာ တစ်ယောက်ရဲ့ဓါတ်ပုံကို တစ်ယောက်က Like လုပ်ရင်းနဲ့ ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး Nicole ကလည်း Andrew ရဲ့ profile ကို ၀င်ကြည့်ပြီး သူမနှစ်သက်တဲ့ ပုံစံဖြစ်နေခဲ့တာကို တွေ့ခဲ့တာပါ။
“ကျွန်မက ကျွန်မ ဓါတ်ပုံတွေကို Like လုပ်သွားတဲ့သူကို အရမ်းသိချင်ပါတယ်။ အဲဒါကြောင့်မို့ သူ့ရဲ့ Profile ကိုဝင်ကြည့်ရင်း သူဘယ်လောက် ချစ်ဖို့ကောင်းတယ်ဆိုတာကို သိခဲ့ရတာပါ” လို့ Nicole ကပြောပါတယ်။
Nicole ဟာ Andrew ရဲ့ လန်ဒန်မှာရိုက်တဲ့ Selfie ဓါတ်ပုံတွေကို သဘောကျခဲ့တဲ့အတွက် iMessage မှာ chat ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုတော့ သူတို့စုံတွဲဟာ လက်ထပ်လိုက်ကြပြီး Andrew ဟာ နယူးယော့ခ်မြို့တော်ကို ပြောင်းရွှေ့ရမယ်လို့ သိရပါတယ်။
Ref:lifeandstylemag.com
Source:Trend Myanmar
0 comments:
Post a Comment