မြန်မာနိုင်ငံသို့ ကုန်းတွင်းမုန်တိုင်းငယ် ၀င်ရောက်နိုင်


တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ကယ်လ်မေဂီ(Kalmaegi) ဖြတ်သန်းတိုက်ခတ်နိုင်သည့် မုန်တိုင်းလမ်းကြောင်းပြ သရုပ်ဖော်ပုံကို မုန်တိုင်းစောင့်ကြည့်ရေးဌာန Weather Underground က တွက်ချက်သရုပ်ဖော်ထားပုံ။ အဆိုပါမုန်တိုင်းသည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများသို့ ဝင်ရောက်တိုက်ခတ်နိုင်သည်။
 တောင်တရုတ်ပင်လယ် ၌ အားကောင်းနေသည့် တိုင်ဖွန်း မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ၀င်ရောက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။
တောင်တရုတ် ပင်လယ် ၌ ပြီးခဲ့သည့် သုံးရက်ခန့်ကပင် နိုင်ငံတကာအမည်တပ်မုန်တိုင်း Kalmaegi တိုက်ခတ်နေခြင်းဖြစ် ပြီး လက်ရှိခန့်မှန်းချက်များအရ စက်တင်ဘာ ၁၈ ရက်ခန့်တွင် မုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းသို့ ၀င်ရောက် လာနိုင်သည်ဟု ခန့်မှန်းထား ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
‘‘ဒီနေ့အထိ ခန့်မှန်းချက်ကတော့ မုန်တိုင်းငယ်အနေနဲ့ကို ၀င်လာနိုင်တယ်။ ကုန်းတွင်းမုန်တိုင်းအဖြစ် လာမယ်ဆိုတော့ အချိန်နဲ့တစ်ပြေးညီစောင့်ကြည့်ဖို့ လိုတာပေါ့။ ဒီမုန်တိုင်းပြီးသွားရင်တော့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေဆက်တိုက်ဖြစ်လာနိုင်တယ်’’ဟု ၎င်းက ပြော ကြားသည်။
ယင်းမုန်တိုင်းသည် မြန်မာ နိုင်ငံအထက်ပိုင်းဒေသ ကုန်းတွင်းပိုင်းသို့ တစ်နာရီလေတိုက်နှုန်း ၄၅ မိုင်ခန့်ဖြင့် ၀င်ရောက်လာနိုင်သောကြောင့် ကချင်နှင့် ရှမ်းပြည် နယ်ဒေသအချို့တွင် မိုးရော၊ လေပါကောင်းနိုင်ကြောင်း သတိ ပေးထားသည်။
တိုင်ဖွန်းမုန်တိုင်း Kalmaegiသည် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်အတွင်း ဖိလစ် ပိုင်နိုင်ငံ
မြောက်ပိုင်း ကမ်းခြေသို့ ၀င်ရောက်ကာ ထိုမှတစ်ဆင့် ကုန်းတွင်း မုန်တိုင်းအဖြစ် တရုတ် ပြည်နှင့် ဗီယက်နမ်နိုင်ငံမြောက် ပိုင်ဒေသများသို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း အမေရိကန် အမျိုးသား မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားသည်။ ထို့ နောက် စက်တင်ဘာ ၁၈ ရက် ညနေတွင် လားရှိုးမြို့ အရှေ့ဘက်မိုင် ၂၅၀ ခန့်၊ မိုင်းယောင်းမြို့မြောက်ဘက် ၂၂၅ မိုင်ခန့် တရုတ်ပြည်မ ယူနန်ပြည်နယ်အတွင်း ကုန်းတွင်း လေဖိအားနည်းရပ်ဝန်း အဆင့်ဖြင့် ၀င်ရောက်လာနိုင်ကြောင်း သတင်းထုတ်ပြန်သည်။
လက်ရှိကာလတွင် မြန်မာ နိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၊ ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာ ရွာနေ ပြီး စက်တင်ဘာ ၁၃ ရက် တစ်နေ့တည်းတွင် စစ်ကိုင်း၊ မန္တလေး၊ မတ္တရာ၊ အမရပူရ၊ ကော့သောင်း၊ ကလေးမြို့နှင့် ပုသိမ်ကြီးမြို့ နယ်တို့တွင် ပုံမှန်မိုးရေချိန်ထက် ပိုမိုရွာသွန်းခဲ့ကြောင်း မိုး/ဇလ  ဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်နောက်ပိုင်း စံချိန်တင်မိုးရွာခဲ့ပြီး မြို့တွင်း မြေနိမ့်ဒေသအချို့ ရေလွှမ်းမိုးမှုကြုံ တွေ့နေရကြောင်း သတင်းရရှိသည်။
ှSource: 7daydaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment