မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည်

ဟာသအခြေခံ ရုပ်ရှင်ကားများ ရိုက်ကူးမှု များပြားလာသဖြင့် နှစ်စဉ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း ပရိသတ်ချစ်သော အနုပညာရှင်အချို့ အကယ်ဒမီဆု ရရှိမြဲဖြစ်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး နာယကတစ်ဦး ဖြစ်သူ ဒါရိုက်တာဦးနှင်းမိုးက The Voice သို့ ပြောကြားသည်။
“အကယ်ဒမီအတွက် ဒုတိယအဆင့် အကဲဖြတ် ကြည့်ရှုမှုကလည်း ပြီးသလောက် ဖြစ်နေပါပြီ။ နောက်လထဲမှာ အကယ်ဒမီစင်မြင့် ဆောက်ဖို့၊ အကယ်ဒမီဗန်းကိုင် ရွေးဖို့ကိစ္စတွေ စလုပ်တော့မယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ကို ရွေးလိုက်တာကလည်း ဒီရက်လေးက စနေနေ့လည်း ဖြစ်တယ်။ နေ့ကောင်းရက်သာလည်း ကျတဲ့အတွက် ရွေးလိုက်တာပါ” ဟု ယင်းပွဲနှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားသည်။
ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ၂၀၁၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကား ၁၅ ကားထဲမှ စုန်းပြူး၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော်ကွန်း၊ အဖြူရောင်ရဲတိုက်၊ နင်စေရင်၊ ကိုယ့်အထာနဲ့ ကိုယ် စသည့် ဇာတ်ကာ ခြောက်ကားကို နောက်ဆုံးဆန်ခါတင် ဇာတ်ကားများ အဖြစ် ရွေးချယ်လိုက်ကြောင်းကို ကြိုတင် ကြေညာခဲ့ခြင်းခဲ့အပေါ် ရုပ်ရှင်လောကသား အချို့က ဝေဖန်ခဲ့ကြသည်။
“ကျွန်တော် ကိုယ်တိုင်လည်း ဆန်ကာတင် ဇာတ်ကား အမည်တွေကို ကြိုတင်ကြေငြာတာနဲ့ ပတ်သက်ပြီး သဘောသိပ်မကျပါဘူး။ မြန်မာရုပ်ရှင်ဇာတ်ကားက တစ်နှစ်ကို ဆယ်ကားကျော်လောက်ပဲ ထွက်တော့တာဗျာ။ ဒီထဲကနေမှ ခြောက်ကားကို ဆန်ခါတင် ရွေးလိုက်ကြောင်း ကြေညာလိုက်တော့ ဒီဇာတ်ကားတွေကို ကြည့်ပြီးတဲ့ ပရိသတ်တွေတောင် ဆုရမယ့်သူကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်မှာပဲ။ ဒါဆို အကယ်ဒမီပေးပွဲ အပေါ် ပရိသတ် စိတ်ပါဝင်စားမှုက လျော့သွားမှာပဲလေ” ဟု မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် နောက်ဆုံးဆန်ခါတင် ဇာတ်ကားများကို ကြိုတင် ကြေညာခဲ့ခြင်းအပေါ် ဒါရိုက်တာဦးနှင်းမိုးက ဝေဖန်ထောက်ပြသည်။
“အကယ်ဒမီ ဆိုတာကတော့ မလိုချင်တဲ့ အနုပညာရှင် မရှိပါဘူး။ အနုပညာလောကမှာ အစ်မက ကျန်တဲ့အရာတွေနဲ့ ပတ်သက်ပြီး သိပ်ပြီး ရုန်းကန်ရတာမျိုး မရှိဘူး။ ဒါပေမဲ့ အကယ်ဒမီနဲ့ ပတ်သက်ရင်တော့ အစ်မက အမြဲတမ်း ကံဆိုးပါတယ်။ အဲဒီအတွက် သိပ်ပြီး မမျှော်လင့်ရဲပါဘူး။ အစ်မနဲ့ စုန်းပြူး ဇာတ်ကားမှာ အတူတွဲပြီး သရုပ်ဆောင်ရတဲ့ မသိင်္ဂီထွန်းတို့ ဆိုလည်း ကောင်းတာပဲလေ” ဟု စုန်းပြူး ရုပ်ရှင်ဇာတ်ကားနှင့် အမျိုးသမီးဇာတ်ပို့ဆု ရရန် ရေပန်းစားနေသည့် သရုပ်ဆောင် ခိုင်သင်းကြည်က ပြောကြားသည်။
Source:THE VOICE WEEKLY
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment