Leonardo Dicaprio ကို Climate Change ရဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားသူအဖြစ် UN က တိုးမြှင့်သတ်မှတ်


ဟောလီးဝုဒ် မင်းသား Leonardo Dicaprio ဟာ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့(UN) ရဲ့ ငြိမ်းချမ်းရေးသံတမန် အဖြစ် အထွေထွေ အတွင်းရေးမှုး ဘန်ကီမွန်း ရဲ့ ခန့်အပ်ခြင်းကို ခံခဲ့ရပါတယ်။ အခုအခါမှာတော့ အသက် ၃၉ နှစ်အရွယ်မင်းသား  Leonardo ဟာ ရာသီဥတုပြောင်းလဲမှု(Climate Change)ရဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားသူအဖြစ် တိုးမြှင့်သတ်မှတ်ခြင်းကို ခံခဲ့ရတယ်လို့ AP သတင်းများအရ သိရပါတယ်။ 
Leonardo Dicaprio ဟာ ၁၉၉၈ ခုနှစ်က လူသားတွေနဲ့ သဘာဝကမ္ဘာမြေကြားမှာ လိုက်လျောညီထွေဖြစ်မယ့် ဆက်ဆံရေးမျိုးကို ရရှိဖို့နဲ့ ကမ္ဘာကြီးရဲ့နောက်ဆုံးကျန်ရှိနေတဲ့ မြေလွတ်မြေရိုင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ထား ခဲ့ပါတယ်။
UN ရဲ့အထွေထွေ အတွင်းရေးမှုး ဘန်ကီမွန်း ရဲ့ပြောကြားချက်အရ Leonardo ဟာ စက်တင်ဘာ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် ကမ္ဘာ့ခေါင်းဆောင် ၁၂၀ ကျော် ပါဝင်မယ့် သဘာဝပတ်ဝန်းကျင် ညီလာခံတစ်ခုမှာ စတင်တက်ရောက်မယ်လို့ သိရပါတယ်။
Leonardo ကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သံတမန် အဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ ဟောလီးဝုဒ် ကြယ်ပွင့်တွေကတော့ Georege Clooney နဲ့ Michael Douglas တို့ ပဲဖြစ်ပါတယ်။
Ref:dailymail.co.uk
Source: Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment