ကောင်မလေးနဲ့ ချိန်းတွေ့တဲ့အခါ အမျိုးသားတွေ စိုးရိမ်ပူပန်ရလေ့ရှိတဲ့ အချက်များ


ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာ ပထမဆုံး နှစ်ယောက်တည်းတွေ့ဖို့ ချိန်းဆိုပြီးလို့ သူနဲ့တွေ့ဖို့သွားတဲ့ခါ အမျိုးသားတွေအနေနဲ့ စိုးရိမ်ပူပန်ရလေ့ရှိတဲ့အချက်တွေ ရှိပါတယ်။ အဲ့ဒါတွေကတော့
၁။ သူ့ရဲ့ဆံပင်ဟာ သိပ်ပြီး စတိုင်မကျတဲ့အခါ
အမျိုးသားတွေအတွက်က မိတ်ကပ်လိမ်းတာမျိုးလည်း မရှိဘူး၊ အ၀တ်အစားနဲ့ပတ်သတ်ပြီးတော့လည်း သိပ်အထူးတလည်ကြီး ရွေးချယ်စရာ မလိုပေမယ့် ဆံပင်ကတော့ အလွန်အရေးကြီးပါတဲ့ ကဏ္ဍဖြစ်သွားပါပြီ။
၂။ဝတ်လာခဲ့တဲ့ အင်္ကျီကို ကောင်းစွာ မီးပူမတိုက်လာမိတဲ့အခါ
ကောင်မလေးနဲ့ ချိန်းထားတဲ့နေရာကိုသွားတဲ့လမ်းမှာ ချွေးထွက်လာခဲ့ရင် ဘာမှမတတ်နိုင်ပါဘူး။ သွားပြီလေ။ ကိုယ်သွားနတဲ့ နေရာဟာ မီးရောင်ကောင်းကောင်းရှိဖို့ပဲ မျှော်လင့်ရတော့မှာပေါ့။
၃။ချိန်းဆိုထားတဲ့ စားသောက်ဆိုင်ရဲ့အစားအစာတွေဟာ ထင်ထားတာထက် ပိုပြီး ဈေးကြီး တဲ့အခါ
ကောင်မလေးနဲ့ချိန်းဆိုတဲ့အခါ ကိုယ့်ဘက်က ပိုက်ဆံရှင်းရမှာက သေချာသလောက် ရှိပါတယ်။ ချိန်းထားတဲ့ စားသောက်ဆိုင်ကို ရောက်လို့ menu ကို ဖွင့်ကြည့်လိုက်တဲ့အခါ ဈေးနှုန်းတွေက မြင့်မားနေတယ်ဆိုရင်တော့ နည်းနည်းစိုးရိမ်ပူပန်စရာလေးတွေ ဖြစ်လာပြီပေါ့။
၎။ညစ်ပတ်တဲ့ ဟာသတွေပြောလို့ရ၊မရ မသိတဲ့အခါ
ကိုယ်က ညစ်ပတ်တဲ့ဟာသတွေကို ပြောတတ်တဲ့ သူတစ်ယောက်ဆိုရင် ကောင်မလေးနဲ့ ပထမဆုံးခြေလှမ်းကို စတင်ဖို့ စောင့်နေမိမှာပါ။ ကိုယ့် ပင်ကိုစရိုက်ကို ဖော်ပြဖို့အတွက်လည်း မ၀ံ့မရဲ ဖြစ်နေမိမှာပါ။
၅။ဘီယာ ၃ ခွက် က များနေပြီလို့ထင်တဲ့အခါ
ကိုယ်က ကောင်မလေးရဲ့ ထိန်းချုပ်မှုကိုခံနေမှာလား။ မသောက်ပဲနေတာက ပိုကောင်းမှာလား။ တကယ်တော့ ပိုသောက်သင့်ပါတယ်။ စိတ်ကိုလျှော့ပြီးနေဖို့လည်း လိုပါတယ်။
၆။သွားကြားညပ်တဲ့အခါ
သွားကြားမှာ တစ်ခုခုညပ်နေတဲ့အခါ သင်ဟာ ကောင်မလေး သတိမထားမိအောင် လျှာနဲ့ တွန်းထုတ်နေမိမှာပါ။ အဲဒီအခါမှာတော့ အသံတွေဟာ အဆက်မပြတ်ထွက်နေပါလိမ့်မယ်။ ဒါဟာ ချိန်းတွေ့တဲ့နေ့မှာ လုံးဝ မလုပ်သင့်တဲ့ အချက်ပါပဲ။
Ref:cosmopolitan.com
Mario
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment