ရည်းစားဟောင်းကို မမေ့နိုင်သေးဘူးဆိုတာ သေချာသွားစေတဲ့ အချက်များ


ချစ်ရသူနဲ့ လမ်းခွဲရပြီဆိုရင် ဘယ်သူမဆို နာကျင်ကြတာချည်းပါပဲ။ သူ့ကိုမေ့ပစ်ဖို့ အချိန်လိုအပ်ပါတယ်။ နှစ်ယောက်သား ဝေးကွာသွားတဲ့အချိန်ဟာ တော်တော်လေး ကြာမြင့်နေပြီ၊ ရည်းစားဟောင်းကို မေ့သင့်နေပြီဆိုပေမယ့် တကယ်ရော သင်သူ့ကို မေ့သွားနိုင်ပြီလား၊ ခုချိန်ထိ သတိရနေဆဲလားဆိုတာ ဒီအချက်လေးတွေက ပြောပြနိုင်ပါတယ်။
၁။နှစ်ဦးစလုံးနဲ့ သက်ဆိုင်တဲ့ သီချင်းကြားတိုင်း ၀မ်းနည်းတတ်မယ်။
တစ်နေရာရာမှာ ကြားလိုက်တဲ့ သီချင်း၊ ဒါမှမဟုတ် FM က လွှင့်လိုက်တဲ့ သီချင်းဟာ သူနဲ့ကိုယ် အရမ်းကြွေခဲ့တဲ့သီချင်း၊ မှတ်မှတ်ရရဖြစ်စေတဲ့ သီချင်းဖြစ်နေခဲ့မယ်ဆိုရင် သင်ဟာ ၀မ်းနည်းသွားမယ်။ ငိုချင်လာမယ်။ သူ့ကို လွမ်းဆွတ်မိမယ်ဆိုရင် ဒါဟာ သင်သူ့ကို မမေ့နိုင်သေးလို့ပါ။
၂။အရည်ကလေး နည်းနည်းဝင်လာတာနဲ့ သူ့အကြောင်းပဲ ပြောမိတော့တာပဲ။
သူငယ်ချင်းတွေနဲ့ ဘီယာလေး၊ အရက်လေး သောက်လိုက်ပြီဆိုတာနဲ့ အချစ်ဆိုတာ ဘယ်လိုဆိုပြီးအစချီကာ နောက်ဆုံး ရည်းစားဟောင်းနဲ့ပဲ အဆုံးသတ်ဖြစ်တော့တာမျိုးပေါ့။
၃။ရည်းစားဟောင်းကို ရည်ရွယ်ရေးသားထားတဲ့ စာတွေ ဆိုရှယ်မီဒီယာတွေမှာ တင်ဖြစ်တယ်။
ဖေ့စ်ဘွတ်ခ်၊ instagram လို နေရာမျိုးတွေမှာ ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့စာတွေ၊ ပုံတွေ ပြန်တင်ပြီး သူမြင်အောင် လုပ်တတ်တယ်။
၎။သူငယ်ချင်းတွေပြောတဲ့ သူ့အကြောင်း ဟာသတွေဟာ ကိုယ့်အတွက်တော့ ထင်သလောက်လည်း မရယ်ရဘူး။
ကိုယ်နဲ့ပြတ်သွားပြီမို့ ကိုယ့်သူငယ်ချင်းတွေက မင်းအရင်ရည်းစားက ဘယ်လိုပါကွာဆိုပြီး သူ့အကြောင်း ဟာသလုပ်ပြောတာတွေကလည်း ကိုယ့်အတွက်တော့ ရီစရာမဖြစ်ပဲ သတိရစရာတွေ ဖြစ်နေတတ်ပါတယ်။
၅။နောက်တစ်ယောက်တွဲဖြစ်တဲ့အထိ သူ့အကြောင်းတွေ ပြောဖြစ်နေတုန်း။
သူ့ကိုမေ့နိုင်ဖို့စိတ်နဲ့ နောက်တစ်ယောက်ကို ဒိတ်လုပ်လိုက်တယ်။ ဒါပေမယ့် အဲ့ဒီအသစ်တစ်ယောက်ကို အရင်ရည်းစားအကြောင်းတွေ ပြောနေမိတယ်။ တစ်ဖက်လူက တစ်ခြားအကြောင်းအရာကို စကားမလွှဲမချင်းပဲ။
၆။မူးပြီး ပို့လိုက်တဲ့ sms တိုင်းသူ့ဆီကိုချည်းပဲ။
နည်းနည်းမူးလာပြီဆိုတာနဲ့ ဖုန်းကောက်ကိုင်ပြီး sms တွေ ပို့မိတော့တာပဲ။ ခက်တာက ကိုယ့်ပို့လိုက်တဲ့ sms တိုင်း သူ့ဆီဖြစ်နေတယ်ဆိုတာ မနက်မိုးလင်းမှ သိတော့တယ်။
၇။အရင်တုန်းက တွဲသွားခဲ့ဖူးတဲ့ နေရာလေးတွေရောက်တိုင်း သူ့ကိုတွေ့မလား ရှာမိတယ်။
နှစ်ဦးသား တွဲသွားခဲ့ဖူးတဲ့ နေရာတွေရောက်တိုင်း သူများရှိနေမလားဆိုတဲ့စိတ်နဲ့ လိုက်ရှာမိတယ်။ လိုက်ကြည့်မိတယ်။
၈။သူ့ဖေ့စ်ဘွတ်ခ်ကို တစ်ချိန်လုံးခြေရာခံလိုက်ကြည့်မိနေတယ်။
ရည်းစားဟောင်းဘာတွေ တင်ထားသလဲ၊ ကိုယ့်အကြောင်းတွေ post လုပ်ထားသလား၊ ဘာပုံတွေ တင်ထားသလဲ၊ ဘယ်သူနဲ့တွဲနေပြီလဲဆိုတာ သိရအောင် သူ့ဖေ့စ်ဘွတ်ခ်ကို တစ်ချိန်လုံး သွားသွားကြည့်နေတတ်တယ်။
၉။သူပေးတဲ့ လက်ဆောင်တွေ လွှင့်မပစ်ရက်ဘူး။
ရည်းစားဟောင်းပေးထားတဲ့ လက်ဆောင်တွေကို အရင်အတိုင်း မတို့မထိပဲ ထားထားတယ်။ လွှင့်ပစ်ဖို့တော့ မပြောနဲ့။ အထုပ်ထဲတောင် ထည့်မသိမ်းဖြစ်သေးဘူး။
၁၀။အားလုံးကို ငါအေးဆေးဖြစ်နေပြီလို့ လိုက်ပြောတတ်တယ်။
ဘယ်သူကမှ ဘာမှ မပြောပဲနဲ့လဲ ငါသူ့ကို အေးဆေးပြတ်နိုင်သွားပြီ၊ နေနိုင်နပြီလို့ စပြီး လိုက်ပြောတတ်တယ်။
Ref:cosmopolitan.com
မေသော် 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment