ရုပ်ရှင်ကြည့်ပြီး ထွက်လာကြတဲ့ ပရိသတ်တွေက ဒီလိုဇာတ်ကားမျိုး ရိုက်ပေးလို့ ကျေးဇူးတင်ပါတယ်လို့ အပြောခံရတာကြောင့် တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကားလို အောင်မြင်မှုရတဲ့ကားမျိုး ဘ၀မှာ မရှိခဲ့ဖူးဘူးလို့ ဆိုလိုက်တဲ့ ပြေတီဦး

အနုပညာလောကထဲမှာ အနုပညာ ၀မ်းစာပြည့်ဝစွာနဲ့ ရပ်တည်ကြိုးစားရင်း တစ်ဖက်ကလဲ မိသားစုဘ၀ကို မလစ်ဟင်းရအောင် ကြိုးစားဆောင်ရွက်နေတဲ့ ထပ်ဆင့်အကယ်ဒမီပြေတီဦးဟာ ဆိုဖြင့်ဖြင့် နှစ်နှစ်ဆက်တိုက် အကယ်ဒမီရုပ်ထုကို ထူးချွန်စွာ ရရှိပိုင်ဆိုင်ခဲ့သလို သူနဲ့တွဲဖက် သရုပ်ဆောင်တဲ့ မင်းသမီးတွေကလဲ တိုက်ဆိုင်စွာပင် အကယ်ဒမီကို ထူးချွန်စွာ ရရှိပိုင်ဆိုင်ခဲ့ကြတာမို့ ဒီအချက်နဲ့ ပတ်သက်ပြီး ပြေတီဦးကို မေးကြည့်လိုက်တဲ့အခါ “အဲ့ဒါကလေ အစ်ကိုက အစ်ကိုနဲ့ လက်တွဲပြီး ရိုက်ခဲ့တဲ့ မင်းသမီးတွေကို တစ်ကားစီ ပြန်ရိုက်ပေးခဲ့တာပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ အစ်ကိုနဲ့လက်တွဲခဲ့တဲ့ ရဲဘော်ရဲဖက်တွေ သူတို့တွေနဲ့ လက်တွဲပြီး သူတို့တွေနဲ့တူတူ လက်တွဲပြီး အောင်မြင်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် သူတို့တွေကို အစ်ကို့အနေနဲ့တစ်ခုခု ပြန်လုပ်ပေးရမဲ့ ၀တ္တရားရှိတယ်လို့ကိုယ့်ကိုကိုယ် ခံယူတယ်။ အဲ့ဒါကြောင့် မင်းသမီး တစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီကို လူစေ့တက်စေ့ တစ်ကားစီရိုက်ပေးခဲ့တာ။ ပထမဆုံး တစ်ယောက်အနေနဲ့သက်မွန်မြင့် သူဆိုရင် အာဒံမှာ အစ်ကို့ထက်ကောင်းတဲ့ ကာရိုက်တာပေးပြီး သူ့ကိုပေးရိုက်ခဲ့တယ်။ သူအကယ်ဒမီ ရသွားတယ်။ ဒုတိယလက်ပံ ဖွေးဖွေးဆိုတဲ့ မင်းသမီးအသစ်လေး တစ်ယောက်ကို အစ်ကို့ထက်ကောင်းတဲ့ ကာရိုက်တာပေးပြီး အစ်ကိုက သူ့လောက်မကောင်းတဲ့ ကာရိုက်တာယူပြီး ရုပ်ရှင်ကားကြီရိုက်ခဲ့တယ်။ ဖွေးဖွေး အကယ်ဒမီ ရသွားတယ်။ အစ်ကိုက ပီတိရတယ်။ ကိုယ့်ကိုကိုယ် ကျေနပ်မှုရတယ်။ ငါနဲ့လက်တွဲခဲ့တဲ့ မင်းသမီးတွေကို ငါလုပ်ပေးနိုင်ခဲ့တယ်။ ဒီနှစ်မှာလဲ ကစ်ကစ်ကို ရိုက်ပေးခဲ့တယ်။ ကစ်ကစ်ရဲ့ နင်စေရင်ထဲက ကာရိုက်တာသည် အစ်ကို့ထက်ပိုပြီး တော့ နေရာရတယ်။ အစ်ကိုက သူ့လောက် မကောင်းတဲ့နေရာမှာပဲ ရိုက်ပေးခဲ့တယ်။ နောက်ပြီး အူဝဲတွက်ဆိုရင် အဖြူရောင်ရဲတိုက်၊ နောက်နှစ်ဆို မိုးဟေကိုအတွက် တိုက်ဆိုင်မှုရှိလျှင် အဲ့ဒီကားနဲ့လဲ မိုးဟေကိုက အကယ်ဒမီ မျှော်ကို မျှော်လင့်လို့ရတဲ့ အနေအထားမျိုးပေါ့။ အဲ့လိုလေး သူတို့ကို အစ်ကိုဖက်က ရိုက်ပေးရတဲ့အတွက်လဲ ကျေနပ်ပါတယ်”လို့ သူက ဖွင့်ဟသွားပါတယ်။ ဒါ့အပြင် မြန်မာ့ရုပ်ရှင်လောကမှာ ၀င်ငွေအကောင်းဆုံးလို့ ပြောလို့ရသလို ရုံပြည့်ရုံလျှံ လာရောက်အားပေးကြတဲ့ တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီးတော့လဲ သူက “ပရိသတ်ဆီက တုံ့ပြန်မှုအနေနဲ့ထူးထူးခြားခြား ပြောရရင် အစ်ကိုတို့တွေက အရင်ရိုက်ခဲ့တဲ့ ကားတွေထဲမှာ အောင်မြင်ခဲ့သော ကားတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲ့ဒီကားတွေတိုင်းမှာ အစ်ကိုတို့က ရုပ်ရှင်လာကြည့်တဲ့ ပရိသတ်တိုင်းကို ကျေးဇူးတင်ပါတယ်လို့ အမြဲတမ်း ပြောခဲ့ကြရတာ။ ဒါပေမဲ့ ခုတိုက်ဆိုင်မှုရှိလျှင်ဆိုတဲ့ ကားကိုလာကြည့်ကြတဲ့ ပရိသတ်တွေကကျတော့လေ ကြည့်ပြီး ထွက်လာတဲ့ ပရိသတ်တွေ အားလုံးက ဒီလိုကားမျိုးကို ရိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပရိသတ်ဆီကနေ ကျေးဇူးတင်စကားပြန်ကြားရတာ အစ်ကို့ဘ၀မှာ မကြုံဖူးဘူး။ အစ်ကိုရော၊ ဦးမျိုးမင်းရော ကိုယ်တွေ့ပေါ့နော်။ အစ်ကိုတို့ရုပ်ရှင်ရုံကို သွားကြတယ်။ ရုပ်ရှင်ရုံဘေးက ဆိုင်မှာ ထိုင်ကြတယ်။ ကြည့်ပြီးထွက်လာတဲ့ ပရိသတ်တွေ အားလုံးကလေ ဒီလိုကားမျိုးကို ရိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောသွားတယ်။ အဲ့ feeling က ဘာနဲ့မှမတူဘူး။ အစ်ကို့ဘ၀မှာ ပြီးတော့ အစ်ကိုတို့အချိန်မှာဆို ဒီလောက်အောင်မြင်တဲ့ ကားမျိုးကို မဖြစ်ခဲ့ဖူးဘူး။ အောင်တော့ အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ မတူဘူး။ ဒီကားရဲ့ပုံစံအောင်မြင်မှုက တခြားကားတွေနဲ့ မတူဘူး။ ဒီကားထဲက ဒိုင်ယာလော့ခ်တွေကို fb ပေါ်တွေ ပြန်တင်ကြတယ်။ နောက်ပြီး သူတို့ရလိုက်တဲ့ message တွေ နောက်ပြီး ဒီလောက်အောင်မြင်တဲ့ကားမျိုးက အစ်ကို့ဘ၀မှာ မရှိခဲ့ဖူးပါဘူး။ အဲ့လောက်အောင်မြင်ခဲ့တယ်။ အဲ့တွက်ကြောင့်မို့လို့ အားပေးခဲ့တဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအရမ်းတင်တယ်။”လို့ ဆိုသွားပါတယ်။ Source : trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment