ပျောက်ဆုံးနေသော ရဟတ်ယာဉ် တစ်ရက်ကျော်သည့်တိုင် ရှာမတွေ့သေး


ပျောက်ဆုံးနေသော ရဟတ်ယာဉ်ကိုရှာဖွေနေသော ရဟတ်ယာဉ်တစ်စီး(ဓာတ်ပုံ − ထူးဖောင်ဒေးရှင်း)
 ပျောက်ဆုံးတောင်တက်သမား နှစ်ဦးအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်စဉ် ပျောက်ဆုံးသွားသော B4 ရဟတ်ယာဉ်ကို ရှာဖွေမှုများအရှိန်မြှင့်ဆောင်ရွက်သော်လည်း တစ်ရက်ကျော် ကြာသည့်တိုင် အဆက်အသွယ်မရရှိသေး ကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံAdvance Aviationမှ ထူးဖောင်ဒေးရှင်းကငှားရမ်းထားသော B4 ရဟတ်ယာဉ်မှာ ပူတာအိုလေဆိပ်မှ တဟွန်ဒမ်းရွာသို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ၂၀မိနစ်တွင် ထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာ၌ အဆက်အသွယ်ပြက်တောက်သွားခြင်း ဖြစ်သည်။ပျောက်ဆုံးနေသော B4 ရဟတ်ယာဉ်ကို ထူးဖောင်ဒေးရှင်း မှ B3 ရဟတ်ယာဉ်နှစ်စီး၊ တပ် မတော်လေမှ MI 17 ရဟတ်ယာဉ်တစ်စီးတို့ဖြင့် ဝေဟင်မှ အဆက် အသွယ်ရရှိရန် ကြိုးစားနေသကဲ့ သို့တပ်မတော်သားများ၊ နယ်မြေခံ ရဲတပ်ရင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများကလည်း မြေပြင် ရှာဖွေရေးလုပ်ဆောင်လျက်ရှိ ကြောင်း ထူးဖောင်ဒေးရှင်းမှ သ တင်းထုတ်ပြန်သည်။
‘‘ရှာဖွေမှုကတော့ နှစ်ဖက် စလုံးကို လုပ်ဆောင်သွားမှာပါ။ ထိုင်းက ရဟတ်ယာဉ်ကုမ္ပဏီကို လည်း အကြောင်းကြားပြီးပါပြီ။ ရှာဖွေရေးအတွက်လည်း ထပ်မံ အင်အားဖြည့်သွားမှာပါ’’ ဟု ကို ဖြိုးကိုကိုက ပြောသည်။
တောင်ထိပ်ရောက် တောင်တက်သမားနှစ်ဦးပျောက်ဆုံးနေသည်မှာ ၂၉ ရက် ကြာမြင့်လာပြီဖြစ်သော်လည်း လက်ရှိ အ ချိန်ထိ မတွေ့ရှိသေးဘဲ ၎င်းတို့ အသုံးပြုသည့် အပြာရောင်ကျော ပိုးအိတ်တစ်လုံးသာ တွေ့ရှိသေး ၍ နှစ်ဖက်စလုံး အင်အားဖြည့်ရှာဖွေသွားမည်ဟု ထူးဖောင်ဒေးရှင်းပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုက ပြောသည်။
B4 ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ၊ မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်း နာယက ဦး တေဇ၏ ကိုယ်ရေးလက်ထောက်ကျွမ်းကျင်တောင်တက်သမား နမားဂျွန်ဆင်၏ တူဖြစ်သူ ရွှေရင်တော်ကြီးတို့ ပါဝင်လိုက်ပါသွားခဲ့ကြသည်။
တောင်တက်သမားနှစ်ဦးကို ရှာဖွေလျက်ရှိသော နမားဂျွန်ဆင် ဦးဆောင်သည့် မြေပြင်ရှာဖွေရေး အဖွဲ့မှာလည်း ပေ ၁၉,၀၀၀ ကျော်ထိရောက်ရှိနေပြီး ယင်းနေရာ ပတ်ဝန်းကျင်တွင် ရာသီဥတု ဆိုး ရွားနေကာ နှင်းများမှာ ခါးလယ်အထိ မြုပ်နေသည့်အတွက် ရှာဖွေရာ ၌ အခက်အခဲရှိကြောင်း သတင်းရရှိသည်။
အဆိုပါတောင်တက်သမား နှစ်ဦးကို ကူညီရှာဖွေလျက်ရှိသည့် တရုတ်နိုင်ငံမှ အပြာရောင်မိုး ကောင်း ကင်ရှာဖွေကယ်ဆယ်ရေး အ ဖွဲ့မှ  အကြံပေးနှစ်ဦးသည် ရှာဖွေရေးလုပ်ငန်းများ အကူအညီပေးရန် စက်တင် ဘာ ၂၈ ရက်ညတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိမည်ဟု သတင်းရရှိသည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment