တောင်တက်သမားနှစ်ဦး၏ ကျောပိုးအိတ်တစ်လုံးရှာတွေ့

                                    ထူးဖောင်ဒေးရှင်းမှကယ်ဆယ်ရေးတောင်တက်အဖွဲ့ဝင်များ (ဓာတ်ပုံ−Htoo Group)
 ပျောက်ဆုံးတောင် တက်သမားနှစ်ဦးကိုရှာဖွေရန် သတ်မှတ်ထားသည့်နောက်ဆုံး ရက်ဖြစ်သည့် စက်တင်ဘာ ၂၇ ရက်ရောက်သော်လည်း မတွေ့ရှိ သေးသည့်အတွက် ရှာဖွေရေး ဆက်လက်လုပ်ဆောင်မည်ဟု သတင်းရရှိသည်။
ထူးဖောင်ဒေးရှင်းမှ ကယ် ဆယ်ရေးတောင်တက်အဖွဲ့သည် စက်တင်ဘာ၂၇ရက် နံနက် ၁၁ နာရီက ပေပေါင်း ၁၇,၀၀၀ အထက်တွင် တောင်တက်သမားများအသုံးပြုခဲ့သည့် အိတ်အပြာရောင်တစ်လုံးကိုရှာဖွေတွေ့ရှိခဲ့ကြောင်းထူးက     သတင်းထုတ်ပြန်ထား သည်။
ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများကို စက်တင်ဘာ ၂၇ရက် အထိနောက်ဆုံးထားရှာဖွေမည် ဟုဆိုသော်လည်း လက်ရှိအချိန် ထိ တောင်တက်သမားနှစ်ဦးကို ရှာဖွေမတွေ့ရှိသေးပေ။
တောင်တက်သမားနှစ်ဦးကို သတ်မှတ်ထားသည့်အချိန်အ တွင်းမတွေ့ရှိသေးသော်လည်း ရှာဖွေကယ်ဆယ်ရေးကို ရပ်ဆိုင်း မည်မဟုတ်ဟု ထူးဖောင်ဒေးရှင်း မှ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုး ကိုကိုကပြောသည်။
‘‘စက်တင်ဘာ ၂၇ target ထားပေမယ့် မတွေ့ရှိသေးတဲ့ အတွက် ရည်မှန်းချက်ကမပြည့်ဝ သေးဘူး။ ရှာဖွေရေးကတော့ မရပ်သေးဘဲနဲ့ ဆက်လက်လုပ် ဆောင်သွားမှာပါ။ လိုအပ်တဲ့ ရိက္ခာပိုင်းတွေကိုလည်း ပူတာအို ကိုပို့ဖို့ရှိတယ်’’ဟု ကိုဖြိုးကိုကိုက ပြောသည်။
လက်ရှိတွင် ပူတာအိုဒေသ ၏ ရာသီဥတုအခြေအနေမှာလည်းမကောင်းသေး၍ ရဟတ်ယာဉ် အသုံးပြုရှာဖွေရန်အခက်အခဲရှိ နေသေးကြောင်း ၎င်းကဆိုသည်။
ဧဝရက်တောင်တက်ရောက် ရန်လေ့ကျင့်ထားသည့် ထူးဖောင် ဒေးရှင်းမှတောင်တက်သမားများ နှင့် နမားဂျွန်ဆင်ဦးဆောင်သော ဒေသခံကယ်ဆယ်ရေးတောင် တက်အဖွဲ့သည် အမြင့်ပေ ၁၇,၀၀၀ ထိတက်ရောက်၍ ရှာ ဖွေရေးပြုလုပ်လျက်ရှိသည်။
တောင်ထိပ်ရောက်တောင် တက်သမားနှစ်ဦးဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံ မင်းသူတို့သည် ခါကာဘိုရာဇီ တောင်ထိပ်သို့ သြဂုတ် ၃၁ ရက် ညနေတွင်ရောက်ရှိခဲ့ပြီး အဆက် အသွယ်ပြတ်တောက်လျက် ပျောက်ဆုံးသည်မှာ ၂၈ ရက်ကြာ မြင့်ပြီဖြစ်သည်။
သို့သော် နောက်ဆုံးရရှိ သော သတင်းများအရ ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေကယ်ဆယ် ရေးလုပ်ကိုင်နေသော ရဟတ် ယာဉ်တစ်စီးမှာ စက်တင်ဘာ၂၇ ရက်တွင် ထပ်မံပျောက်ဆုံးနေသည်။ ထို့ကြောင့် အဆိုပါရဟတ် ယာဉ်ပျောက်ဆုံးမှုနောက်ဆက် တွဲ တောင်တက်သမားနှစ်ဦးရှာ ဖွေရေးလုပ်ငန်းအပေါ် မည်သို့ သက်ရောက်မည်ကို မသိရှိရသေး ပေ။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment