ကံကောင်းလို့ဆုရခဲ့တာဆိုတဲ့ Miss Myanmar World သရဖူဆုရှင် ၀ိုင်းလေး

                                                                         ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)   
 ပြိုင်ပွဲဝင်များတွင်ကိုယ့် ထက်လှသူများပါသောကြောင့် ဆုရရှိရန် မှန်းမထားဘဲ ကံ ကောင်း၍ ဆုရခဲ့ခြင်းဖြစ်ပြီး ကြိုး စားမှုနှင့် ထပ်တူကျခဲ့သည်ဟု ထင်ကြောင်း Miss Myanmar World 2014ဆုရှင် ၀ိုင်းလေးက ပြောသည်။
‘‘ပြိုင်ပွဲတောက်လျှောက်အ ကောင်းဆုံးကြိုစားခဲ့တယ်။ ဆုရ  ရမယ်ဆိုတာထက် အကောင်းဆုံး ပြင်ဆင်ခဲ့တယ်။ နောက်ဆုံးဖိုင် နယ်နေ့မှာလည်း ဆုကိုမှန်းမထား ဘဲ မထင်မှတ်ဘဲ ရခဲ့တဲ့အတွက် ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ထပ်တူညီ တယ်လို့ ထင်ပါတယ်’’ဟု ၀ိုင်း လေးကပြောသည်။
Miss Myanmar World 2014 ဆုကို ၀ိုင်းလေးရရှိခဲ့သည့် အပေါ် ပရိသတ်အချို့ကနောက် ဆုံးပြိုင်ပွဲတွင် ၀ိုင်းလေးဝတ်ဆင် သည့် ၀တ်စုံအရောင်နှင့် ဗဟုသု တမေးခွန်းများမေးသည့်ကဏ္ဍ တွင် ၀ိုင်းလေး၏ဖြေဆိုမှုကိုဝေဖန် မှုများရှိခဲ့သည်။
ဝေဖန်မှုများနှင့်ပတ်သက်၍ ၀ိုင်းလေးက မေးခွန်းဖြေဆိုသည့် ကဏ္ဍတွင် မေးခွန်းနှစ်ခုမေးခဲ့ သော်လည်း အဖြေတစ်ခုကိုသာ ဖြေဆိုခဲ့ခြင်းသည် ပွဲကျင်းပသည့် အဖွဲ့အစည်းဘက်မှ မေးခွန်းဖြေ ဆိုချိန် စက္ကန့်သုံးဆယ်သာသတ် မှတ်ပေးထားသောကြောင့်သတ် မှတ်ထားသည့်အချိန်အတွင်း အ ကောင်းဆုံးအဖြေတစ်ခုကိုဖြေဆို ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထို့အပြင် ၎င်းဝတ်ဆင်ထား သည့် ၀တ်စုံအရောင်နှင့် သရဖူအ ရောင်တူညီနေခြင်းမှာလည်း တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီး ဒီဇိုင် နာပေးသည့်အရောင်ကိုသာဝတ် ဆင်ခဲ့ခြင်းဖြစ်ကာ ကြိုတင်စီစဉ် ထားခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။
Miss Worldပြိုင်ပွဲကို ဒီဇင် ဘာလအတွင်း ဗြိတိန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုအချိန်မှစ၍ ပြိုင်ပွဲအ တွက် လေ့ကျင့်ပြင်ဆင်သွားမည်ဟု ၀ိုင်းလေးကပြောသည်။
‘‘ပြိုင်ပွဲကြီးမှာ ဆုမရရင် တောင် ၀ိုင်းလေးကိုကြည့်ပြီး မြန် မာနိုင်ငံမှာ အရည်အချင်းရှိတဲ့အ မျိုးသမီးတွေရှိပါလားဆိုတာကို သိအောင်တင်ပြသွားမယ်’’ဟု ၎င်း ကပြောသည်။
လေ့ကျင့်မည့်  အစီအစဉ် များကိုမူ အသေးစိတ်မသိရသေး ဘဲ Talentပိုင်း ပြင်ဆင်မှုအတွက် စန္ဒရား(သို့)ပတ္တလားဖြင့် မြန်မာ သံသီချင်းသီဆိုရန် ရည်မှန်းထား ကြောင်း ၎င်းကဆိုသည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment