ဘိုကိုဟာရမ် အကြမ်းဖက်ခေါင်းဆောင်ကို နိုင်ဂျီးရီးယားစစ်တပ် ပစ်သတ်


ဘိုကိုဟာရမ် အကြမ်းဖက်တွေရဲ့ ၀ါဒဖြန့် ဗွီဒီယိုတွေမှာ အကြမ်းဖက် ခေါင်းဆောင်အဖြစ် ကြေညာထားတဲ့ မိုဟာမက် ဘရှီးယား ဆိုသူကို စက်တင်ဘာလ ၂၄ ရက်နေ့က နိုင်ဂျီးရီးယား စစ်တပ်က ပစ်သတ်ခဲ့ပါတယ်။

သူ ပစ်သတ်ခံခဲ့ရပြီး ဘိုကိုဟာရမ် အကြမ်းဖက် ၂၆၀ ကျော် လက်နက်ချ အလင်းဝင်ခဲ့ ကြတယ်လို့ နိုင်ဂျီးရီးယား စစ်တပ်က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘာကာ ရှီကအူ ဆိုသူကို နိုင်ဂျီးရီးယား စစ်တပ်က ပစ်သတ်လိုက်ပြီလို့ ပြောဆိုခဲ့ပေမယ့် သက်သေအထောက်အထား ပြသခဲ့ခြင်း မရှိပါဘူး။ အဲ့ဒီနောက်ပိုင်း အခု သတ်ဖြတ်ခံရတဲ့ မိုဟာမက် ဘရှီးယားဆိုသူက သူ့ကိုယ်သူ အဘူဘာကာ ရှီကအူ ဆိုပြီး ၀ါဒဖြန့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းက ဘိုကိုဟာရမ် အကြမ်းဖက်တွေအပေါ် နိုင်ဂျီးရီးယားစစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပြီး ဘိုကိုဟာရမ် အကြမ်းဖက်တွေ အထိနာခဲ့တယ်လို့ ဆိုပါတယ်။

၁ဘိုနိုပြည်နယ်မှာ အကြမ်းဖက် ၁၃၅ ဦးနဲ့ တခြားနေရာတနေရာမှာ အကြမ်းဖက် ၁၃၃ ဦး အလင်းဝင်ခဲ့ကြတယ်လို့ နိုင်ဂျီးရီးယားစစ်တပ်က ပြောဆိုပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံရေးသုံးသပ်သူတဦးက အကြမ်းဖက်အဖွဲ့တွေရဲ့ ထုံးစံအတိုင်း ခေါင်းဆောင်တဦးကို သုတ်သင်နိုင်ခဲ့ပေမယ့် ခေါင်းဆောင်နောက်ထပ်တဦး ပေါ်ပေါက်လာ အုံးမှာကြောင့် ခေါင်းဆောင်ပိုင်းကို တယောက်ပြီးတယောက် သုတ်သင်နေမယ့်အစား အကြမ်းဖက်အဖွဲ့နဲ့ စေ့စပ်ဆွေးနွေးရေးကို ဦးစားပေးလုပ်သင့်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ဘိုကိုဟာရမ် အကြမ်းဖက်တွေ ပြန်ပေးဆွဲသွားခဲ့တဲ့ နိုင်ဂျီးရီးယားကျောင်းသူ အယောက် ၂၀၀ ကျော်လည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒီနှစ်အတွင်း ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ သေဆုံးသူ ၂ ထောင် ကျော်တယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66059
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment