ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနအသိအ မှတ်ပြုSRPS လိုင်စင်ရကုမ္ပဏီများသည် သင်္ဘောသားများထွက်ခွာရာတွင် ငွေကြေးတောင်းခံမှုများရှိပါက လာရောက်တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံ တင်ထားသည့် SRPSကုမ္ပဏီများ သင်္ဘောသားစေလွှတ်ရာတွင် ငွေကြေးတောင်းခံခြင်းမပြုရန် စည်းကမ်းချက်များ ချမှတ်ထားသော်လည်း ကုမ္ပဏီအချို့သည် သင်္ဘောသားများစာချုပ်ချုပ်ဆို၍ စေလွှတ်ရာတွင် ထွက်ခွာခွင့်စာရရှိ ရန်ဟုဆိုကာ ကျပ်လေးသိန်းမှ ရှစ်သိန်းဝန်းကျင်အထိ ပေးနေရသည်များရှိသည်ဟု သင်္ဘောသားအဖွဲ့အစည်းများထံမှ သတင်းရရှိသည်။
သင်္ဘောသားများထံမှ ငွေ တောင်းခံမှုမပြုလုပ်စေရန် ဌာနမှ အမိန့်ကြော်ငြာစာထုတ်၍ ညွှန် ကြားထားသကဲ့သို့ MLC-2006 တွင်လည်း ကုမ္ပဏီများသည် သ င်္ဘောသားများထံမှ ငွေကြေးတစ် စုံတစ်ရာတောင်းခံခြင်းမရှိရဆို သည့်အတွက်ငွေကြေးတောင်းခံ ပါက ဌာနသို့တိုင်ကြားနိုင်သည် ဟု သင်္ဘောသားဌာနခွဲမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
‘‘ကုမ္ပဏီကြီးတွေမဟုတ်ဘဲ ကြားလိုင်းတွေက လုပ်နေတာ တွေရှိတယ်။ ငွေကြေးတောင်းရင် ဌာနကိုအကြောင်းကြားလို့ရ တယ်။ တိုင်ကြားရင် အရေးယူ ပေးမယ်’’ဟု တာဝန်ရှိသူကပြောသည်။
သတ်မှတ်စည်းကမ်းချက် များကို ဖောက်ဖျက်ပါက လိုင်စင် ပြန်လည်ရုပ်သိမ်းသည်အထိ အ ရေးယူသွားမည်ဖြစ်ပြီး ၂၀၁၄နှစ် ဆန်းပိုင်းတွင် စည်းကမ်းဖောက် ဖျက်သည့် WGMကုမ္ပဏီ၊ Parita ကုမ္ပဏီနှင့် Glory Marimeကုမ္ပ ဏီတို့အား လုပ်ငန်းဆောင်ရွက်ခွင့် ရပ်ဆိုင်းထားကြောင်းသတင်း ရရှိသည်။
Source: 7daydaily.com

0 comments:
Post a Comment