ထိုအချိန်က ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးတွင် ရှိနေကြသူများ၏ မျက်စေ့ရှေ့မှာပင် ဖြစ်ပျက်သွားသည့် မြင်ကွင်းအတွက် အထူးဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရသည်။
ဓာတ်တိုင်ဝါယာလျှော့ဖြစ်ပွားလျှင်ဖြစ်ပွားချင်း သက်ဆိုင်ရာတာဝန်ရှိသည့် သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ဌာနသို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးမှ ဖုန်းဖြင့်အကြောင်းကြားပေးခဲ့ပြီး ယခုဖြစ်စဉ်အတွက် မြို့နယ်လျှပ်စစ်ဌာနတွင် တာဝန်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။
ယနေ့ စက်တင်ဘာလ ၁၄ ရက် ၊ နံနက် ၉း ၀၀ နာရီက ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုကိုကြီး၊ မြအေး၊ အံ့ဘွယ်ကျော်နှင့် ၈၈မျိုးဆက် ရုံးအဖွဲ့သားတို့သည် ဓာတ်လိုက်ကွယ်လွန်သူ နှစ်ဦး၏ နေအိမ်များသို့ သွားရောက်ခဲ့ကြပြီး ကျန်ရစ်သူမိသားစုများကို "တစ်ရပ်ကွက်တည်းသားချင်းများ ဖြစ်သဖြင့် စာနာစိတ်ထားဖြင့်" အားပေးနှစ်သိမ့်စကားပြောကြားပြီး နာရေးကူငွေ ကျပ်တစ်သိန်းစီ ပေးအပ်ခဲ့သည်။
The 88 Generation Peace and Open Society
https://www.facebook.com/The88Generation
0 comments:
Post a Comment