ဘာပဲစားစား သင့်ဗိုက်သားပြားချပ်နေအောင် ထိန်းသိမ်းဖို့ အလွယ်ကူဆုံး နည်းလမ်းများ

စိန်ခေါ်မှုများစွာ ကြုံတွ့နေရတဲ့ ခုခေတ်အချိန်အခါမှာ ဘယ်သူက ကိုယ့်ဗိုက်ကို ဆယ့်နှစ်ရာသီ ပြားချပ်နေတာ မလိုချင်ဘဲ ဘယ်ရှိပါ့မလဲ။ အထူးသဖြင့် နည်းနည်းကျပ် အဝတ်အစားတွေနဲ့ အဝတ်အစားအတိုအပြတ်တွေ အရှိန်အဟုန်နဲ့ ခေတ်စားလို့လာတဲ့ ဒီအချိန်မှာလေ။ ရိုးရိုးရှင်းရှင်းနည်းနဲ့ပဲ သင့်ဗိုက်သားပြားချပ်နေအောင် ထိန်းသိမ်းဖို့ အလွယ်ဆုံးနည်းလမ်းတွေရှိပါတယ်။ (၁) ညမအိပ်မီ လေးနာရီအတွင်း အစာမစားပါနဲ့ အစာတွေစားပြီးပြီးချင်း တခါတည်း အိပ်ခန်းသို့ချီတက် အိပ်စက်အနားယူလိုက်မယ်ဆိုရင် အစာချေဖျက်ပေးဖို့ သင့်တင့်တဲ့အချိန် မယူလိုက်ပဲ၊ နေ့အချိန်က ကိုယ်လက်လုပ်ရှားမှုပြုနေစဉ်အတွင်းက ကယ်လိုရီးတွေကို ဖယ်ထုတ်ပေးဖို့ အခွင့်ရအောင် အချိန်ကောင်းမပေးလိုက်ရာရာက်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အလေးချိန်က ကိုယ့်အပေါ်မှာသာစုပြုံပြီး ဝမ်းဗိုက်ကဘေးဘက်ကို ကားထွက်လာတာ၊ ကြီးရင်းပိုကြီးလာတာ တဖြည်းဖြည်း စတင်သတိပြုမိလာမှာဖြစ်တယ်။ (၂) ထမင်းမစားမီနဲ့ စားပြီးအချိန်မှာ ရေတစ်ဗူးသောက်ပါ ရေဟာ ကောင်းတဲ့ အချက်ဖြစ်သည်သာမက ဗိုက်ကို တကယ်ပြည့်နေတာထက်ကို ပိုတင်းနေရသလို ခံစားရစေမှာဖြစ်တယ်။ ထမင်းမစားခင် ရေတစ်ဗူးသောက်မယ်ဆိုရင် အစာအလွန် အကျွံစားသုံးချင်စိတ်ကို ရှောင်လွဲနိုင်မှာဖြစ်ပြီး ထမင်းစားပြီး ရေတစ်ဗူးသောက်ခြင်းအားဖြင့်လည်း ဗိုက်ပြည့်ပြီဖြစ်ကြောင်း သေချာမှု ရရှိခံစားလာစေမှာဖြစ်တယ်။ ရေကြောင့်ဖြစ်လာတဲ့ ကိုယ်အလေးချိန်ကြောင့် မစိုးရိမ်ပါနဲ့။ ခဏကြာလာရင် ချက်ချင်း သိသိသာသာ ပြန်ကျသွားပါလိမ့်မယ်။ (၃) အိပ်ယာမဝင်ခင်နဲ့ နိုးလာတဲ့အချိန် ၂၅ ကြိမ်စီ အံကြိတ်ပေးပါ ဒါမဖြစ်မနေလုပ်ရမယ့် တာဝန်ပါ။ ဒီအလေ့အကျင့်ကို တစ်ခုချင်းစီ အတိမ်းအစောင်း မခံဘဲ အကုန်လိုက်နာဆောင်ရွက်လို့မှ သင့်ဗိုက်က ထင်သလောက်ပြားချပ်မလားဘူးဆိုပါဆို့။ တစ်နေ့ကို အကြိမ် ၅၀ လောက် ထပ်လုပ်ပေးနိုင်ရင် မဆိုးဘူးပေါ့။ အဲဒီလို လုပ်လို့ အကျင့်ရလာပြီဆိုတာနဲ့ သင့်တစ်နေ့တာလှုပ်ရှားမှုမှာ ထူးခြားမှုရှိလာကြောင်း သိရှိလာပါလိမ့်မယ်။ Source: vibenigeria Source: trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment