စာမျက်နှာတွေပေါ်က ပျောက်ချက်သား
ကောင်းနေတဲ့ တေးသံရှင် နောနော်နဲ့ မတွေ့တာ ၆လနီးပါး ရှိပါပြီ။
ပြန်တွေ့ဖြစ်တဲ့ အချိန်မှာတော့ နောနော်က အရင်နောနော် နဲ့ ကွဲပြားနေပါတယ်။
သူ့ကိုမြင်တွေ့နေကျ ပုံစံဆံပင် ရှည်ရှည် တွန့်တွန့်နဲ့ မဟုတ်တော့ဘဲ
ဘေးအပြောင် နဲ့ အပေါ်ကို ဘေးခွဲထားတဲ့ ဆံပင် ပုံစံနဲ့တွေ့ ရပါတယ်။ ဒါက
စိတ်သစ် လူသစ်နဲ့ အရာရာကို အသစ်ပြောင်းလဲ လိုက်တဲ့ သဘောလား ဆိုတာကိုတော့
နောနော်က “အဲ့ဒီလိုလည်း မဟုတ်ပါဘူး။ ကျွန်တော်က စတူဒီယိုထဲ မှာ အမြဲ
တီးခတ်နေတော့ ဆံပင်ရှည် နဲ့ဆို နည်းနည်း အိုက်လာလို့ ညှပ်လိုက်တာပါ။ တအား
ပူလာလို့ မခံနိုင်လို့ ညှပ်လိုက်တာ”လို့ စကားနည်းတဲ့နော နော်က
ဒီလောက်ပဲဖြေခဲ့ ပါတယ်။
နောနော်က ပျောက်နေတဲ့ ကာလတွေမှာ
ပြည်ပပွဲတွေ သွားရောက် ဖျော်ဖြေမှုနဲ့ သူ့ရဲ့စီးရီးသစ် အတွက် လုံးပန်းနေ
တာကြောင့် ပရိသတ်ရှေ့ သိပ်မထွက် ဖြစ် တာလို့ လည်း ပြောပါတယ်။
“ကျွန်တော့်ရဲ့ ငါးခွေမြောက် စီးရီးသစ် ကို လက် စသတ်နေပါတယ်။ အကောင်းဆုံး
ဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ နည်းနည်း ငြိမ်နေ တယ် ဆို တာက အခွေသစ်
အတွက် အားယူနေတာပါ။ ကျွန်တော့်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ထုံးစံ
အတိုင်း ဒီနှစ်မှာလည်း ပြုလုပ်ဖြစ် ဦးမှာပါ”လို့ နောနော်က သူ့ရဲ့ လတ် တလော
အကြောင်း များကို ပြောပြခဲ့ပြီး သူ့ရဲ့အချစ်ရေး ကိစ္စနဲ့ပတ်သက်တာ ကိုတော့
ရေငုံနှုတ်ပိတ်နေ ခဲ့ပါတယ်။
ရဲရဲ
Source : popularmyanmar.com
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment