ဗန်းမောက်ရှိ ရွှေတွင်းကုမ္ပဏီ မှ ပေါက်ကွဲမှုဖြစ်ပွား၍ တရုတ်နိုင်ငံသား နေရာတွင်သေဆုံး


ဗန်းမောက် ၊ ၂၈-၉-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့နယ် မင်းကုန်းကျေးရွာ အုပ်စု လိပ်စော ကျေးရွာအနီး ဝက်ခေါက် ရွှေမှော်တွင် စက်တင်ဘာ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တရုတ် နိုင်ငံသား တစ်ဦး သေဆုံး ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အတွက် အောင်ပြည့်သာ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီဝင်း အတွင်းရှိ အဆောက်အအုံ ငါးလုံး၊ ဘက်ဟိုး မြေတူးယာဉ် တစ်စီး၊ သုံးဘီးဆိုင်ကယ် တစ်စီး၊ ဝီတိုတာယာဉ် တစ်စီး တို့ ပျက်စီးခဲ့ ရသည်။ 

ထို့ပြင် အဆိုပါ ကုမ္ပဏီရှိ တရုတ် နိုင်ငံသား တစ်ဦးမှာ ယင်း ပေါက်ကွဲမှုကြောင့် အသက် သေဆုံး ခဲ့ရသည်။ သေဆုံးသူ တရုတ် နိုင်ငံသားမှာ Tangyinbo ဆိုသူဖြစ်သည်။ ၄င်း၏ နေရပ်လိပ်စာမှာ Shaanxi ( China ) ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမောက် မြို့မရဲစခန်းသို့ ဆက်သွယ် အကြောင်းကြား သည့်အခါ မိုးကြိုး ထိမှန်၍ ကုမ္ပဏီ အဆောက်အအုံ များနှင့် လုပ်ငန်းသုံး ယာဉ်များ ပျက်စီးကာ လူတစ်ဦး သေဆုံးခဲ့ ရသည်ဟု အကြောင်းကြား ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းရဲစခန်းရှိ တာဝန်ရှိသူ တစ်ဦးမှ အတည်ပြု ပြောကြားသည်။

ထို့ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသို့ စခန်းမှူး ဒုတိယရဲမှူး ခင်မောင်ဝင်း၊ တုံပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း တို့နှင့် အဖွဲ့က သွားရောက် စစ်ဆေးသည့် အခါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကို စစ်ဆေး ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (၁၅၄)

#PyiChitThar
http://www.pyichitthar.com/2014/09/blog-post_94.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment