လေယာဉ်ပျံ သုံးစင်းဖြင့် ကောင်း ကင်တွင် MTV သီချင်းတစ်ပုဒ် ရိုက်ကူးမည်ဟု ဒါရိုက်တာ သည်ခေတ် နေက ပြောသည်။
”တိမ်ပေါ်မှာ လေယာဉ် ပျံသန်းတဲ့ အခန်းပါသလို လေယာဉ်ကွင်း ထဲက အခန်းလည်း ပါမယ်” ဟု သည်ခေတ် နေက ပြောသည်။
အဆိုပါ MTV သီချင်းခွေသည် နန်းမြတ်ဖြိုးသင်းနှင့် နန်းသူဇာ တို့၏ ”သူငယ်ချင်း” အတွဲခွေထဲမှ သီချင်းတစ် ပုဒ်ဟုသိရသည်။
”ဒီလိုနေရာက ရိုက်ကူးရေး ရဖို့ဆို တာ
ခက်တယ်။ ကျွန်တော်ကတော့ ခက် ခဲတဲ့နေရာ တစ်ခုကို မရဘူး ဆိုတာ မရှိ စေရဘူး
ရအောင် ကြိုးစားမယ် ဆိုပြီး လုပ်လိုက် တာပါ” ဟု ၄င်းက ပြော သည်။
‘သရဲရထား’ဇာတ်ကားမှာလည်း မီးရထားပေါ်မှာ ရိုက်ခွင့်ရအောင် စာကို အဆင့်ဆင့်တင်ခဲ့ရသည်ဟု ၄င်းက ဆက်ပြောသည်။
ထူးထူး
Source : popularmyanmar.com
0 comments:
Post a Comment