မိတ်ဆွေတစ်ဦးရဲ့အိမ်သို့ အသားကင်သွားလိုက်စားရာမှာ ပင့်ကူတစ်ကောင်ရဲ့ အကိုက်ခံရပြီးနောက် အသက် (၄၂) နှစ်အရွယ် Julie Roberts လမ်းမလျှောက်နိုင်တော့ဘဲ ပိုးသတ်ဆေးကို ဒရစ်နဲ့တောင် သွင်းပေးခဲ့ရပါတယ်။ ဒါ့အပြင် သူမဟာ East Yorkshire, Hull က သူမနေအိမ်မှာ အိမ်တွင်းပင့်ကူတစ်ကောင်ရဲ့အကိုက်ခံပြီးတဲ့နောက် ဆေးရုံမှာ နှစ်ရက် နေခဲ့ရပါသေးတယ်။
အကောင်ကိုက်ခံလိုက်ရတဲ့အချိန်မှာ ထိတ်လန့်ချောက်ခြားတတ်တဲ့ သူတစ်ယောက်ကဲ့သို့ ဖြစ်သွားတယ်လို့ အဲဒီ ကလေး (၄) ယောက်ရဲ့မိခင်က ပြောဆိုခဲ့ပါတယ်။
ဆဲဆိုကြိမ်းမောင်းရင်း ကြောက်ကြောက်လန့်လန့်နဲ့ ပြန်လည် တုံ့ပြန်တိုက်ခိုက်တယ်။ အရင်က ဒီလိုတစ်ခါမှမဖြစ်ဖူးဘူး။ ခြေထောက်မှာ အရေပြားစတင်ဖောင်းကြွလာစေတဲ့နောက် ဖောယောင်ပြီး နီရဲလာတော့တာပါပဲ။
ခုချိန်မှာတော့ သူမရဲ့ ဒဏ်ရာမှာ အခြေအနေပြန်လည်ကောင်းမွန်လာတယ်။ အဲဒီအဖြစ်အပျက်ပြီးတဲ့နောက်ပိုင်း သူမဟာ ကြောက်ရွေ့တုန်လှုပ်နေခဲ့ပါတယ်။
တစ်ခုခုဆိုရင် အမြဲတမ်း သံသယစိတ်တွေဖြစ်လာတယ်။ အင်္ကျီတွေမဝတ်ခင် ပင့်ကူတွေအောင်း၊ မအောင်းစစ်ဆေးဖို့ အမြဲတမ်း အရင်ခါထုတ်တယ်။
ကျွမ်းကျင်ပညာရှင်တွေကတော့ နွေရာသီကာလ အပူချိန်မြင့်တက်လာမှုကြောင့် ပင့်ကူတွေဟာ အကောင်ပိုမိုကြီးထွားစေလာတတ်တယ်လို့ ပြောကြပါတယ်။
Source: Metro
Victor.PaaTung
Source:trend.com.mm

0 comments:
Post a Comment