ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်- ကမ္ဘာကျော် ဒစ်စနေ(Disney) ကာတွန်းဇာတ်ကောင်များဖြစ်သော မစ်ကီမောက်စ် (Mickey Mouse)နှင့် မီနီမောက်စ် (Minnie Mouse) ဇာတ်ကောင်ကာတွန်းရုပ်များသည် ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ်လာရောက်ကာ ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ မြို့တော်ခန်းမ၊ လွတ်လပ်ရေးကျောက်တိုင်တို့တွင် ၎င်းတို့၏လှုပ်ရှားမှုများလာရောက်ပြသခဲ့သည်။
အရုပ်ထဲတွင်လူဝင်ထားသည့် မစ်ကီမောက်စ်နှင့် မီနီမောက်စ် ကာတွန်းရုပ်များတို့သည် ယနေ့နံနက်တွင် ထိုင်းနိုင်ငံမှရောက်ရှိကာ ရန်ကုန်မြို့တွင်းတွင် လှည့်လည်သွားလာခဲ့ခြင်းဖြစ်သည်။
ဒစ်စနေကာတွန်းဇာတ်ကောင် ၄၀ ကျော်လာရောက်ဖျော်ဖြေမည့်ကပွဲကို အောက်တိုဘာ ၈ ရက်မှ ၁၂ ရက်အထိ Myanmar Event Park တွင်ပြုလုပ်သွားမည်ဖြစ်သည်။
Source:7daydaily.com
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment