Google အကောင့်တွေရဲ့ လုံခြုံရေးအတွက် Google ရဲ့ Security Panel အသစ်

Google က Google အကောင့်တွေမှာ Panel အသစ်တစ်ခုတိုးပြီး Settings အသစ်တွေ ချိန်ညှိခွင့် ထပ်မံပေးခဲ့ပါတယ်။ အဲဒါကတော့ Security Settings ပါ။ အသစ်တွေ မဟုတ်ပေမယ့်လည်း ဒီ Settings အသစ်တွေက သင့်ရဲ့ Google အကောင့်တွေကို အရေးကြီးတဲ့ လုံခြုံရေး စနစ် ၅ ခု ကိုဖန်တီးပေးမှာပါ။ သင့် Google အကောင့်တွေ ရဲ့ လုံခြုံမှု ဘယ်လောက်ရှိသလဲ၊ သင် အတည်ပြုတဲ့ အဆင့်နှစ်ခုလုံးကို တပ်ဆင်ထားရဲ့လား၊ ဘယ် apps တွေကနေ သင့်အကောင့်ကို ရယူသုံးစွဲခွင့်ရှိလဲ ဆိုတာ သင်သိလား၊ ဒါတွေက ကမ္ဘာတစ်ဝှမ်းလုံးက Google အသုံးပြုသူအားလုံးအတွက် အရေးကြီးလာပါပြီ။
Google ရဲ့ panel အသစ်က သုံးရတာ လွယ်ကူပါတယ်။ Account Settings ထဲက Security ထဲမှာ Secure Your Account ဆိုတဲ့ Panel ပဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Get Started ကို နှိပ်လိုက်ပါက Settings ၅ ခုကိုရွေးချယ်ခွင့်ရပါမယ်။ အဲဒါတွေကတော့
1.Recover information
2.Recent activity
3.Account permissions
4.App passwords
5.Two-Step Verification တို့ပဲဖြစ်ပါတယ်။
ဒါတွေက လုပ်ပုံလုပ်နည်းအသစ်တွေမဟုတ်ပါဘူး။ အလွယ်ကူဆုံး တင်ဆက်မှုတွေနဲ့ လုပ်ဆောင်ခွင့် ရမှာပါ။ ဒီ Settings တစ်ခုစီတိုင်းအတွက် update နဲ့ edit ကို သုံးစွဲသူ စိတ်ကြိုက်လုပ်နိုင်ပါတယ်။ ဒါကြောင့် Google ရဲ့ Security Panel အသစ်ကို Google သုံးစွဲသူတိုင်း မိမိအကောင့်လုံခြုံရေး အတွက် update လုပ်နိုင်စေရန် ရေးသားပေးလိုက်ရပါတယ်။
Ref:cnet.com
Mario
Source: trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment