Red Bull အမှတ်တံဆိပ် အချိုရည်ဘူးများကို သတိပြု ၀ယ်ယူသုံးစွဲ ကြရန်အသိပေး

မန္တလေး ၊ ၁၇-၉-၂၀၁၄

Red Bull အမှတ်တံဆိပ် ဖြင့်တုပ၍ ထုတ်လုပ် ထားသော အချိုရည် ဘူးများ ဈေးကွက် အတွင်း ဝင်ရောက် နေသဖြင့် ရောင်းချသူများ နှင့် သုံးစွဲသူ ပြည်သူများ မှန်ကန် သော ပစ္စည်း အမျိုးအစားကို ဝယ်ယူ အသုံးပြု နိုင်ကြစေရန်၊ သတိပြုမိ စေရန် အချိုရည်ဘူး များကို တရားဝင် လိုက်လံ ဖြန့်ချိသည့် ကုမ္ပဏီ ဝန်ထမ်းများက ပစ္စည်း ပို့ဆောင်၍ အသိပေး ပြောကြားလျက် ရှိကြောင်း သိရသည်။ အဆိုပါ Red Bull အမှတ်တံဆိပ် ပါ အချိုရည်ဘူး များကို အထက် မြန်မာပြည် ကိုယ်စားလှယ် အဖြစ် (FT) FOOD TECH Co., Ltd အမှတ်(၁၆၅)၊ ၂၉လမ်း၊ ၈၂- ၈၃ လမ်းကြား၊ ချမ်းအေးသာစံ မြို့နယ် မန္တလေးမြို့ မှ ဖြန့်ချိခြင်း ဖြစ်ပြီး ယခုကဲ့သို့ အချိုရည်ဘူး အတုများ တရားမဝင် ဝင်ရောက် လာမှုအပေါ် ကုမ္ပဏီနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များ ပူးပေါင်း၍ ရှာဖွေ သိမ်းဆည်း စစ်ဆေး အရေးယူ မှုများ ပြုလုပ် နေကြပြီ ဖြစ်ကြောင်း သိရသည်။ ”ဒီ အချိုရည်ဘူး တွေကို သတိထားပြီး မကြည့်ရင် အတုအစစ် ခွဲခြားဖို့ မလွယ်ပါဘူး။ အတု ထုတ်လုပ် ရောင်းချ သူတွေက အမှတ်တံဆိပ် နဲ့ ဘူး အရွယ်အစားကို တစ်ပုံစံတည်း တူအောင် ပြုလုပ်ထား ကြပါတယ်။ သေသေချာချာ ကြည့်ရင် ကွဲလွဲချက်တွေ ရှိပါတယ်။ ပထမ အချက်က အဖုံးဖွင့်တဲ့ ကလစ်ပုံစံနဲ့ ဒုတိယအချက် က ထုတ်လုပ်တဲ့ ကုမ္ပဏီ အမည်ကို နေရာတူမှာ ထင်ယောင် ထင်မှား ရိုက်နှိပ် ထားတာပါ။ အချိုရည်ဘူး အစစ်ရဲ့ အဖုံးဖွင့် ကလစ်က အနည်းငယ် လေးထောင့် ဆန်ပြီး အချိုရည်ဘူး အတုရဲ့အဖုံး ဖွင့်ကလစ်က (အို) ပုံသဏ္ဌာန် ရှိပါတယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီ အနေနဲ့ အစစ်က T.C PHARMACEUTICAL INDUSTRIES CO., Ltd Thailand ဖြစ်ပြီး ဘူးအတု တွေမှာက GOLDEN TRIANGLE FOOD CO., Ltd MYANMAR လို့ ရေးသားထား ပါတယ်။ ခရီးသွား လာရင်း အလွယ်တကူ ဝယ်ယူ သုံးစွဲကြရင် အဖုံးဖွင့် ကလစ်ကို ကြည့်ပြီး ဝယ်နိုင် ပါတယ်။ အခု Red Bull အချိုရည် စက်ရုံကို ပြည်တွင်းမှာတင် တည်ဆောက် ထုတ်လုပ်ဖို့ ဆောင်ရွက် နေပါတယ် … ” ဟု ကုမ္ပဏီ ဝန်ထမ်းတစ်ဦး က ပြောပြ၍ သိရသည်။

 Source: Yadanarpondaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment