နေမျက်နှာပြင်ပေါက်ကွဲမှုကြောင့်ရက်ပိုင်းများအတွင်း ကမ္ဘာမြေကိုနေမုန်တိုင်း ရိုက်ခတ်လာမည်
နယူးယောက်၊ စက်တင်ဘာ-၁၂
နေမျက်နှာပြင်ပေါ်၌ ဖြစ်ပေါ်နေသော ပေါက်ကွဲမှုကြီးနှစ်ရပ်ကြောင့်
အင်အားအသင့်အတင့်ရှိသည့် သို့မဟုတ် အင်အားပြင်းထန်ဖွယ်ရှိသည့် ဘူမိ
သံလိုက်မုန်တိုင်းတစ်ခု လာမည့်ရက်များအတွင်း ကမ္ဘာဂြိုဟ်ကို ရိုက်ခတ်လာမည်
ဖြစ်ရာ ရေဒီယိုနှင့် ဂြိုဟ်တုဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားနိုင်ကြောင်း
စက်တင်ဘာ ၁၁ ရက် သတင်းများ၌ ဖော်ပြထားသည်။

နေမျက်နှာပြင်ပေါက်ကွဲမှုများကြောင့် ပေါ်ထွက်လာမည့် ဘူမိသံလိုက်
စက်ကွင်းမုန်တိုင်းသည် ပြင်းအားအဆင့် ဂျီ-၂ သို့မဟုတ် ဂျီ-၃ အထိရှိနိုင်ကြောင်း
အမေရိကန်ပြည်ထောင်စုအမျိုးသား သမုဒ္ဒရာနှင့် လေထုလွှာစီမံခန့်ခွဲရေး
အေဂျင်စီ အာကာသရာသီဥတုခန့်မှန်းရေးဌာနက ပြောကြားသည်။

စက်တင်ဘာ ၈ ရက်နှင့် ၁၀ ရက် တို့တွင် ပေါ်ပေါက်ခဲ့သော နေမျက်နှာပြင်
ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်လာမည့် နေမုန်တိုင်းသည် ဆက်သွယ်ရေးစနစ်များ
နှင့်ဓာတ်အားလိုင်းစနစ်များကို အနှောင့် အယှက်ပေးနိုင်သော်လည်း လူသားများ
အတွက် မည်သည့်အန္တရာယ်မျှမပေးနိုင်ကြောင်း သိရသည်။

နေပေါက်ကွဲမှုများဖြစ်ပေါ်နေသော အေအာရ် ၂၁၅၈ အမည်ရှိ
နေမျက်နှာပြင် ဧရိယာ၏အရွယ်အစားသည် ကမ္ဘာမြေထက် ၁၀ ဆပိုမိုကြီးမားပြီး
နေပေါက်ကွဲမှုများပေါ်ပေါက်စေရန် စွမ်းအင် များထုတ်လွှတ်ပေးနေသည့်ဒေသဖြစ်
သည်။
ှ
နေပေါက်ကွဲမှုဖြစ်စဉ်၏နောက်ဆက်တွဲ ဘူမိသံလိုက်စက်ကွင်းမုန်တိုင်း
ကမ္ဘာဂြိုဟ်သို့ရိုက်ခတ်မည့်အရေးကြောင့် လျှပ်စစ်ဓာတ်အားလိုင်းစနစ်စီမံခန့်ခွဲသူ
များနှင့် ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီတို့ကို အမေရိကန်အစိုးရက
အသင့်ပြင်ထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အေအက်ဖ်ပီ
MMSTD.com
0 comments:
Post a Comment