ကျန်းမာရေးကောင်းနေတဲ့ ဒီလိုအချိန်တွေမှာ ၀ိတ်အတက်၊ အကျအတွက် စိတ်ပူစရာ မလိုပါ

ကျန်းမာရေးကောင်းမကောင်းဆိုတာ သင့်ခန္ဓာကိုယ်အလေးချိန်နဲ့ ဆက်စပ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ၀ိတ်လေးနည်းနည်းတက်လာတာနဲ့ ကျန်းမာရေးအတွက် စိတ်ပူစရာအခြေအနေမဟုတ်သလို ၀ိတ်နည်းနည်းလေးကျသွားတာနဲ့လည်း အိပ်ယာထဲ ပစ်လဲသွားနိုင်တာမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ်နေရထိုင်ရ၊ သွားရလာရတာ အဆင်ပြေနေတဲ့အချိန်မျိုးဆိုရင် ငါဝိတ်များ တက်နေမလား၊ ငါ ၀ိတ်ကျနေပြီလားဆိုတာမျိုးတွေ သိပ်ခေါင်းထဲထည့်ထားစရာ မလိုပါဘူး။ ဒါ့ကြောင့်လည်း Journal of Obesity မှာဖော်ပြခဲ့တဲ့ စာတမ်းအရ ဘယ်လိုအချိန်တွေမှာ ၀ိတ်တက်တာမျိုးတွေဟာ စိုးရိမ်စရာမလိုအပ်ဘဲ ကျန်းမာရေးနဲ့ညီညွတ်စွာ ၀ိတ်တက်ခြင်းသာ ဖြစ်တယ်ဆိုတာကို ခုလိုဖော်ပြပေးလိုက်ပါတယ်။
၁။သင်ဟာ တကယ်လိုအပ်တဲ့အစာကိုသာ စားသုံးပြီး အပိုစာတွေ မစားဘူး။
ကျန်းမာရေးအတွက် မစားမသောက်ပဲ နေလို့တော့ မရပါဘူး။ အစာအာဟာရဟာ လွန်စွာပဲ အရေးပါပါတယ်။ ဒီတော့ ကိုယ်စားတဲ့ အစားအစာကို တစ်ချက်ပြန်ကြည့်ရင် စားသင့်တာထက် ဟိုစပ်စပ် ဒီစပ်စပ် ပိုစားသောက်နေတာမျိုး မဟုတ်ပဲ ထမင်းနဲ့ဟင်းဆို ထမင်းနဲ့ဟင်း သတ်သတ်မှတ်မှတ်စားတာမျိုး၊ ညနေစာဆိုလည်း စာသင့်တာလောက်ပဲ စားတာမျိုး ဆိုရင် ၀ိတ်တက်လာလည်း မစိုးရိမ်ပါနဲ့။ ဒါပုံမှန်ဝိတ်ပါပဲ။
၂။ဗိုက်ဆာတဲ့အခါ စားလိုက်တယ်၊ ဗိုက်ပြည့်သွားရင် ရပ်လိုက်တယ်။
ဗိုက်ဆာလာတာနဲ့ စားသင့်တဲ့ ပမာဏကို စားလိုက်တယ်။ ဒါကိုလည်း သတ်မှတ်ထားစရာမလိုဘူး။ ဗိုက်ပြည့်တဲ့အထိစားပြီး ဗိုက်ပြည့်တာနဲ့ ရပ်လိုက်တယ်။ တစွပ်စွပ်ထပ်စားတာမျိုး မရှိဘူး။ နာရီဝက်တစ်ခါ၊ တစ်နာရီတစ်ခါ စားနေတာမျိုး မဟုတ်ဘူးဆိုရင် ဒါဟာ သင့်ကျန်းမာရေးအတွက် အဆင်ပြေပါတယ်။
၃။တစ်ခါတစ်လေ အရမ်းချိုတဲ့ အစားအစာတွေကို အရသာရှိလွန်းလို့ စားလိုက်တယ်။
ဝိတ်တက်စေတဲ့ အစားအစာတစ်ချို့ကို သင်ဟာ တစ်ခါတစ်လေ စားချင်စိတ်ရှိနေလို့၊ အရသာအရမ်းကောင်းလို့ စားလိုက်မိတယ်။ ဒါဟာ သင့်အတွက် ရှားရှားပါးပါးဖြစ်သလို နေ့တိုင်းပုံမှန်စားနေတာမျိုး မဟုတ်ဘူးဆိုရင် စိုးရိမ်စရာမရှိပါဘူး။
၎။လှုပ်လှုပ်ရှားရှားနေတယ်။ ဒါဟာ သင့်အတွက် လေ့ကျင့်ခန်းပဲ။
ကျန်းမာရေအတွက် အထူးတန်ဆာဆင်ထားတဲ့ ဂုဏ်မလိုဘူး။ ခန္ဓာကိုယ်ကျန်းမာပြီး စိတ်ကလည်း ကြည်လင်နေဖို့သာ လိုပါတယ်။ ဒီတော့ သင်ကအထူးတလည် ၄၅မိနစ်စာ၊ တစ်နာရီစာ GYM သွားဆော့မှမဟုတ်ပါဘူး။ တစ်နေ့တာလည်း လှုပ်လှုပ်ရှားရှားနေပါ။ တစ်နေရာတည်းမှာ ထိုင်မနေပါနဲ့။ ဒါဟာ သင့်ကျန်းမာရေးအတွက် ကောင်းတဲ့အချက်ပါပဲ။
၅။အိပ်ချိန်လည်း ပုံမှန်ရှိတယ်။
အိပ်ချိန်အရမ်းနောက်ကျသွားတာမျိုး၊ စားသောက်ပြီး ချက်ချင်းအိပ်လိုက်တာမျိုးတွေ သင်မလုပ်ဘူးဆိုရင်၊ အိပ်ချိန်မှာ ပုံမှန်အိပ်ပြီး၊ ပုံမှန်အချိန်သာ ထတတ်တဲ့သူဆိုရင် ၀ိတ်တက်လည်း စိုးရိမ်စရာမရှိပါဘူး။
၆။တစ်နေ့စာတစ်နေ့ အားလုံးကို အဆင်ပြေပြေ ဖြတ်ကျော်သွားနိုင်တယ်။
အလုပ်မှာလည်း စိတ်ပင်ပန်းရလွန်းလို့ မျက်ရည်ကျရတဲ့အထိပါပဲ။ အဆင်မပြေလွန်းလို့ ရုံးဆင်းရင် စိတ်ဆင်းရဲနေရတာမျိုးတွေလည်း သင့်မှာမရှိဘူး။ တစ်နေ့စာတစ်နေ့ အားလုံးကို အဆင်ပြေပြေ ဖြတ်သန်းနိုင်တယ်။ ဒီ့ထက်ပိုပြီး သင့်ကအလုပ်မှာ သိပ်ကိုပျော်ရွှင်နေရတယ်ဆိုရင် ဒါဟာ သင့်ကျန်းမာရေးအတွက် ကောင်းတဲ့လက္ခဏာပါပဲ။
Ref:cosmopolitan.com
 မေသော် 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment