ဟောင်ကောင်က ဆန္ဒထုတ်ဖော်နေသူတွေ အများအပြားသုံးစွဲလာကြတဲ့ Firechat ဆိုတဲ့ app

လက်ရှိမှာ ကမ္ဘာ အကြီးဆုံးတားမြစ်မှု တစ်ခုဖြစ်နေတဲ့ ဟောင်ကောင်က ဆန္ဒပြပွဲ ရဲ့ ၅ ရက်မြောက် နေ့မှာ Firechat ဆိုတဲ့ app တစ်မျိုးကို ဆန္ဒထုတ်ဖော်နေသူတွေဟာ အများအပြားသုံးစွဲလာကြပြီး တနင်္ဂနွေနေ့က စတင်ကာ Download ပြုလုပ်သူ တစ်သိန်းထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
Firechat ဆိုတဲ့ app ဟာ Wi-Fi (သို့) Cellular Connection တို့ကို မလိုအပ်တော့ပဲ Bluetooth နည်းပညာကိုသုံးပြီး Chat လို့ရနိုင်တဲ့ app တစ်မျိုးဖြစ်ပါတယ်။ ထို app ကို မတ်လကမှ Open Garden ကုမ္မဏီ က စတင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
ထို app ကို သုံးစွဲနေသူအရေအတွက်ကို အတိအကျ မသိရပေမယ့် ဟောင်ကောင်အစိုးရဟာ ဆယ်လူလာ ကွန်ရက်တစ်ခုလုံးကို ပိတ်ချ လိုက်နိုင်တယ်လို့ ဟောင်ကောင်ရဲ့ အကြို-ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တွေကဆိုပါတယ်။
ဒီတနင်္လာနေ့ကပဲ တရုတ်နိုင်ငံအစိုးရ ဟာ တရုတ်နိုင်ငံထဲက ဒေသ အများအပြားများ ဓါတ်ပုံတွေဝေမျှဖို့သုံးစွဲတဲ့ Instagram ဆိုတဲ့ app ကို သုံးစွဲခွင့် တားမြစ်လိုက်တယ်လို့သိရပါတယ်။
Ref:hollywoodreporter.com
Mario
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment