မြန်မာပရိသတ်က အစွဲကြီးတာကြောင့် သရုပ်ဆောင်တဲ့အခါ သေချာလုပ်ဖို့အရေးကြီးတယ်ဆိုတာ ပြောပြသွားတဲ့ ပြေတီဦး

ငှားသမျှဇာတ်ကားတိုင်းကို လက်ခံရိုက်ကူးပေးခြင်း မရှိတော့ပဲ ပရိသတ်တွေ နှစ်ခြိုက်သဘောကျမယ့်ဇာတ်ကား၊ သူ့အတွက်လည်း အနုပညာရသမြောက်အောင် ကြိုးစားခွင့်ရမယ့် ဇာတ်ကားတွေချည်း ရွေးချယ်ရိုက်ကူးလာတဲ့ ပြေတီဦးက အဲ့ဒါနဲ့ ပတ်သက်ပြီး “အရင်ကတည်းက ရုပ်ရှင်ကားကြီးဖြစ်ရင်ပြီးရော မရိုက်ခဲ့တဲ့သူဆိုတော့ ဒီချိန်မှာ ပိုဆိုးသွားတာ ပေါ့နော်။ ခုဆို အစ်ကိုရှေ့မှာ လက်မခံပဲ ငြင်းခဲ့တာ ၁၀ကားကျော်ပြီ။ ဘာလို့လဲဆိုတော့ အစ်ကိုတို့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေနဲ့ မတူပဲ ခွဲထွက်တဲ့ ဇာတ်တစ်ဇာတ်ရဖို့အတွက် အဓိက ဇာတ်ရှားနေတဲ့အတွက် အစ်ကိုငြင်းခဲ့ရတယ်ပေါ့။ ခု အစ်ကို ကားကြီးအနေနဲ့လက်ခံထားတာ ၆ ကားရှိတယ်။ တစ်ကားပဲ ဇာတ်ရသေးတယ်။ ဒါရိုက်တာက ဦးမျိုးမင်း၊ တိုက်က စိန်ဌေးအတွက်ပေါ့။ မင်းသမီးကတော့ မအူဝဲဖြစ်ဖို့များတယ်။ ၂၀၁၅ ၂လပိုင်း ဒါမှမဟုတ် ၃လပိုင်းလောက်မှာ စရိုက်ဖြစ်ပါမယ်”လို့ သူက ပြောပြသွားပါတယ်။
အနုပညာလောကမှာ ထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ်လာတဲ့ ပြေတီဦးဟာ လူမှုဆက်ဆံရေးပိုင်းမှာသာမက စာနယ်ဇင်းတွေပေါ်မှာပဲ အမြဲအလေးထား ဆက်ဆံတတ်သူပါ။ ဒါဟာ ခုနောက်ပိုင်း တက်သစ်စလူငယ်တွေ အတုယူသင့်တဲ့ အချက်ဆိုလည်း မမှားပါဘူး။ ဒီအချက်ကိုမေးမြန်းကြည့်တဲ့အခါမှာတော့  “ခုခေတ်တက်သစ်စတွေကတော့ တော်ကြ တတ်ကြပါတယ်။ ခေါင်းဆောင်နေရာကို တန်းရိုက်တယ်ဆိုတာ အင်မတန်ကောင်းပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်အနေနဲ့တန်းရိုက်ဖို့ကို ကြိုတင် လေ့ကျင့်ပြင်ဆင်မှုတွေ တော်တော်လေး ပြုလုပ်စေချင်တယ်။ ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှု ရှိပြီဆိုရင်တော့လဲ ပိုကောင်းတာပေါ့။ မြန်မာပြည်က ပရိသတ်က အစွဲကြီးတယ်။ ကိုယ်က သိပ်မလုပ်နိုင်သေးတဲ့ အချိန်မှာ ခေါင်းဆောင် အနေနဲ့တန်းရိုက်လိုက်ရင် ဒီမင်းသားက အိုက်တင် သိပ်မလုပ်နိုင်ပါဘူးဆိုတဲ့ အဲ့သတ်မှတ်ချက် အစွဲတစ်ခုကို ပြန်ဖျောက်ရတာက အနည်းဆုံး ၄ ၊ ၅ နှစ်ကြာတယ်။ ပရိသတ်ရှေ့ကို ချပြလိုက်တဲ့ချိန် ဟာ ဒီတစ်ယောက်က မဆိုးဘူးဟေ့ အိုက်တင်လုပ်တတ်တယ်ဟေ့ဆို အဲ့အစွဲက တော်တော်နဲ့ ပြန်မပျောက်တော့ဘူး။ အဲ့ဒါကြောင့် ခေါင်းဆောင်နေရာကနေ ရိုက်မယ်ဆို ကြိုတင် လေ့လာပြင်ဆင်ပြီးမှ ရိုက်သင့်တယ်လို့အစ်ကိုကတော့ ထင်ပါတယ်။ စာနယ်ဇင်းမီဒီယာဆိုတာလဲ ရဲဘော်ရဲဘက်တွေပါပဲ။ ခရီးတစ်ခုကို အတူသွားနေတဲ့သူတွေပါပဲ။ အားလုံးက ရဲဘော်ရဲဘက် စိတ်ဓာတ်နဲ့တစ်ယောက်အကျိုးကိုတစ်ယောက် လိုလားမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ အနုပညာသမားတွေဖက်ကလဲ စာနယ်ဇင်းရဲ့အကျိုးကို လိုလားရမယ်။ စာနယ်ဇင်းတွေကလဲ အနုပညာသမားတွေရဲ့အကျိုးကို လိုလားရမယ်။ အဲ့ဒါဆို နှစ်ဦးနှစ်ဖက် အကျိုးရှိမှာပါ။ ကျွန်တော်တို့ ယုံကြည်ထားတာကတော့ ကျွန်တော်တို့ကြောင့် စာနယ်ဇင်းတွေကို ထိခိုက်သွားတယ်ဆိုရင်လဲ အကျိုးမရှိဘူးလေ။ စာနယ်ဇင်းတွေကြောင့် အနုပညာသမားတွေ ထိခိုက်သွားမယ်ဆိုရင်လဲ အကျိုးမရှိဘူးပေါ့။ အဲ့ဒီတော့ ပြုပြင်သင့်တဲ့အရာမျိုး ထောက်ပြသင့်တဲ့အရာမျိုးကို ထောက်ပြသင့်တယ်ဆိုတာလဲ လက်ခံပါတယ်။ ဒါပေမဲ့လဲ သိပ်အကျိုးမရှိနိုင်ပဲနဲ့ နှစ်ဦးနှစ်ဖက် အကျိုးမရှိဘူး ဆိုရင်တော့ မဖြစ်တာအကောင်းဆုံးပါ။ တစ်ယောက်အကျိုးကို တစ်ယောက်လိုလားကြခြင်းဟာ ရေရှည်မှာ ကောင်းတဲ့ ဆက်ဆံရေးတစ်ခုအဖြစ်ရှိမှာပါ။ ကျွန်တော်ကတော့ အဲ့လိုမျိုးလေးပဲ ထင်မြင်ပါတယ်။”လို့ ရိုးသားပွင့်လင်းစွာ ပြောပြသွားပါတယ်။
ခင်ဆွေသက် 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment