လက်ရှိမှာ ဂယက် ရိုက်နေတဲ့ Miss ပွဲတွေရဲ့ အကဲ ဖြတ်မှုတွေနဲ့ပတ်သတ်ပြီး Miss Universe 2013 ရဲ့ 1st Runner up ပိုင်ရှင် အေးချမ်းမိုးကတော့ “ညီမအမြင်ကတော့ တခါတလေကျရင် ညီမတို့ ပြိုင်ပွဲတွေက စင်ပေါ်မှာ တစ်ခုတည်းနဲ့ကြည့်လို့မရဘူးပေါ့နော်။ ညီမတို့ဆိုရင် လဲ စ၀င်ဝင်ချင်းမှာပဲ အင်တာဗျူး တစ်ခေါက်ဝင်ရတယ်။ အဲ့ဒီမှာပါမှ ညီမတို့ Activities တွေစလုပ်တာပေါ့။ လူမှုရေးလုပ်ငန်းတွေ လုပ်တာပဲဖြစ်ဖြစ်၊ ညီမတို့ Talent ပြိုင်တာပဲဖြစ်ဖြစ် ၊ ခရီးတွေ ဘာတွေလဲ စုသွားရတာတွေ ရှိတော့ ဒီပြိုင်ပွဲတစ်ခုဆိုတာက စင်ပေါ်မှာ တစ်ခုတည်းနဲ့ကြည့်တာ မဟုတ်ဘူး။ ဆုံးဖြတ်တာ မဟုတ်ဘူး။ ကြားထဲမှာရှိတဲ့ Activity တွေထဲကပါ အမှတ်တွေပေးတာဆိုတော့ ပရိသတ်တွေက တစ်ခါတစ်လေ မမြင်ရတာတွေရှိတယ်။ အဲ့ဒါကြောင့်ကိုယ်မှန်းထားတဲ့သူက အဲ့ Activity တွေမှာ အမှတ်လျော့ကောင်း လျော့လိမ့်မယ်။ မမှန်းထားတဲ့သူက Activitiesတွေ မှာ ပိုကောင်းပိုနေလိမ့်မယ်။ အဲ့ဒါကြောင့် အပြောင်းအလဲလေးတွေ ရှိတယ်လို့မြင်ပါတယ်”တဲ့။
သူမယှဉ်ပြိုင်ခဲ့တဲ့ Miss ပြိုင်ပွဲတွေနဲ့ပတ်သတ်ပြီးတော့လဲ “ညီမ အနုပညာလောကထဲကို စ၀င်လာကတည်းက Miss ပွဲတွေပြိုင်ရတာကို သဘောကျတယ်။ ပွဲတွေနဲ့ပဲ ဒီလောကထဲ ကို ရောက်လာခဲ့တာဆိုတော့ အခွင့်အရေး ရှိရင်တော့ နောက်ပွဲတွေကို ဆက်ပြိုင်သွားဦးမယ်”လို့ သူမက ပြောပါတယ်။
သရဖူ ပြန်သိမ်းခံရတဲ့ ကိစ္စရပ်တွေကိုတော့ သူမက “အဲ့ဒါကတော့ Organization နဲ့Miss တွေရဲ့ အထင်အမြင် လွဲမှားမှုလေးတွေ နည်းနည်းစီရှိခဲ့လို့လို့ထင်ပါတယ်။ ဒါဟာ သူတို့ရဲ့ တစ်ဦးချင်းစီနဲ့လဲ ဆိုင်တယ်။ ညီမတို့ Organization နဲ့ကျတော့ ညီမတို့က ညှိညှိနှိုင်းနှိုင်းရှိတယ်။ ကိုယ်ဖြစ်ချင်တာကို ကိုယ့် Organization နဲ့ညှိတယ်။ ခွင့်ပြုရင်လုပ်တယ်။ ခွင့်မပြုရင်လဲ ရှောင်လိုက်တယ်။ အရှေ့မှာဖြစ်သွားတာက အချင်းချင်း ညှိနှိုင်းမှုကို ကျော်လွန်ပြီး လူတွေရှေ့မှာ သရဖူ သိမ်းမှုတွေ ဘာတွေဖြစ်သွားရတာပါ”တဲ့။
ခင်ဆွေသက်
Source:trend.com.mm

0 comments:
Post a Comment