အာရှလုပ်ငန်း လေးပုံ တစ်ပုံ မြန်မာနိုင်ငံ၌ မြှုပ်နှံလို

စင်ကာပူ၊ ဟောင်ကောင်၊ တရုတ်မှ စုပေါင်းရင်းနှီးမြှုပ်နှံမှုများဖြင့် တည်ဆောက်မည့် ဒဂုံစီးတီး အိမ်ရာစီမံကိန်း (၁) ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) မြန်မာ့သယံဇာတ၊ လူဦးရေနှင့် ပထဝီအနေအထားတို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လျက်ရှိသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းရာ နေရာသစ် တစ်ခုဖြစ်လာပြီး စင်ကာပူအခြေစိုက် UOB ဘဏ်၏ အာရှလုပ်ငန်းများ လေ့လာမှုစစ်တမ်း၌ အာရှစီးပွားရေးလုပ်ငန်း လေးခုတွင် တစ်ခုသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုကြ သည်ဟု ဖော်ပြထားသည်။ ယင်းစစ်တမ်းမှာ အာရှနိုင်ငံများရှိ လုပ်ငန်းပေါင်း ၁,၀၀၀ ကျော်၏ ဒေသတွင်း စိန်ခေါ်မှုများနှင့် အခွင့်အရေးများ ရှုမြင်ပုံနှင့် ဖွံ့ဖြိုးမှု အစီအစဉ်များကို စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် လုပ်ငန်းများ၏ တိုးမြှင့်လိုက်သော ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်ရရှိနိုင်သော အရေးပါ သည့် ရည်မှန်းရာ နေရာများထဲမှ တစ်ခုအပါအ၀င်ဖြစ်လာခြင်း ဖြစ်သည်။ ထိုသို့ရင်းနှီးမြှုပ်နှံလိုသူများပြား လာရခြင်းမှာ မြန်မာနိုင်ငံ၏ ကြီးမားသော လူဦးရေပမာဏ၊ မဖော်ထုတ်ရသေးသော သဘာဝသယံဇာတ အရင်းအမြစ်များနှင့် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံတို့နှင့် ထိကပ်လျက်ရှိသော ဗျူဟာမြောက် ပထ၀ီအနေအထားတို့ကြောင့် ဖြစ်သည်ဟု ယင်းဘဏ်က သုံးသပ်ထားသည်။ “ကျွန်တော်တို့အနေနဲ့ အရှေ့တောင် အာရှရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ပံ့ပိုးပေးဖို့အတွက်၊ လိုအပ်တဲ့နယ်ပယ် တွေမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဖောက်သည်အများကြီးကို ကူညီပေးခဲ့သလိုပဲ မြန်မာ နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေကို အကျိုးပြုမယ့် နည်းဗျူဟာ မြောက်ရေရှည် ရင်းနှီး မြှုပ်နှံမှုတွေကို အားပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု UOB လုပ်ငန်းစု ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Wee Ee Cheong က ပြောသည်။ အရှေ့တောင်အာရှ ဒေသတွင်းစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်မှုကို ထောက်ပံ့ပေးနိုင်ရန် UOB သည် ဘက်ပေါင်းစုံပါဝင်သော ကွန်ရက်တစ်ခုကို ဖန်တီးထားနိုင်ပြီးဖြစ်ရာ ဒေသတွင်းအခွင့်အလမ်းများကို ပုဂ်္ဂိုလ်တစ်ဦးချင်းရော စီးပွားရေးလုပ်ငန်းများနှင့်ပါ ချိတ်ဆက်ပေးနိုင်ရန် ပြင်ဆင်ထားသည်ဟု ထုတ်ပြန် ထားသည်။ ၂၀၂၀ ပြည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ၏ ဒေသတွင်းကုန် သွယ်နိုင်မှုသည် ၆၀ ရာခိုင်နှုန်း အထိ မြင့်တက်လာမည်ဟု ယင်းဘဏ်က မျှော်မှန်းထားပြီး ထိုသို့ကုန်သွယ် မှုမြင့် တက်ခြင်းသည် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်ကို ဖန်တီးပေးနိုင်သည်ဟု ဆိုသည်။ UOB သည် ယခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၌ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် နိုင်ငံတကာ ဘဏ်ကိုးခုထဲမှ တစ်ခုဖြစ်သည်။ ယင်းဘဏ်သည် မြန်မာ နိုင်ငံတွင် ၁၉၉၄ ခုနှစ်ကတည်းက ကိုယ် စားလှယ်ရုံး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ Source:mizzimaburmese.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment