စတုတ္ထတန်းမြန်မာစာမေးခွန်း ဗိုလ်ချုပ်မွေးနေ့ မှားယွင်းဖော်ပြ

ခရိုင်အဆင့်အခြေခံ ပညာစတုတ္ထတန်း ဒီဇင်ဘာ စာ မေးပွဲ မြန်မာစာမေးခွန်းလွှာတွင် အမျိုး သားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကို ဖေ ဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်း ဖော်ပြထားသည်။ ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များတွင်စစ်ဆေးသော မြန်မာစာမေးခွန်း၊ နံပါတ် (၅) တွင် ‘‘ဗိုလ်ချုပ်အောင် ဆန်းကို နတ်မောက်မြို့တွင် ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့ပါသည်’’ဟု ဖော် ပြထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း အ ကြောင်း စာပိုဒ်ဖတ်၍ ပေးထား သော မေးခွန်းများကို ဖြေဆိုရသည့် ၁၀ မှတ်တန်မေးခွန်းတွင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးဖွား ရာဇာတိ၊ မွေးသက္ကရာဇ်နှင့် မိဘများကို ဖော်ပြရန် မေးထား ခြင်းဖြစ်သည်။ ‘‘ဗိုလ်ချုပ်အောင်ဆန်းမွေး နေ့မှားနေတာကို စာမေးပွဲခန်း စောင့်တဲ့ ဆရာမတွေလည်း သိပါ တယ်။ ကျောင်းသားတချို့လည်း သိနေပါတယ်’’ဟု ရန်ကုန်အရှေ့ ပိုင်းခရိုင်ရှိ စာမေးပွဲခန်းစောင့် ကြပ်ရသော ဆရာမတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ ၁၃ ရက်တွင် မွေးဖွားခဲ့သော ဗိုလ်ချုပ်အောင် ဆန်း၏ မွေးနေ့ကို မြန်မာစာမေး ခွန်း၌ မှားယွင်းဖော်ပြခဲ့မှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင်လည်း ပျံ့နှံ့ နေပြီး ဝေဖန်ပြောဆိုမှုများရှိနေ သည်။ ‘‘စာမေးပွဲမေးခွန်းက သက် ဆိုင်ရာခရိုင်အလိုက် ထုတ်တာ ပါ။ မေးခွန်းတွေက အားလုံး အတူတူမဟုတ်ပါဘူး။ မှားသွား ရင်တော့ ပြင်ဆင်ဖို့အတွက် ပြော ဆိုမှာပါ’’ဟု အမှတ် (၃) အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးကဆိုသည်။ ပညာရေးဝန်ကြီးဌာနသည် စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ အတွက် သက်ဆိုင်ရာခရိုင်အ လိုက် မေးခွန်းထုတ်၍ စစ်ဆေး သည့်စနစ်ကို ယခုပညာသင်နှစ်တွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး ယင်းကို စာမေးပွဲအကြို အစမ်းစာမေး ပွဲများစစ်ဆေးနေခြင်းဖြစ်သည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment