ကျောက်စိမ်းဈေးကွက်တွင် တရုတ်မှ ပြန်သွင်းသော အချောထည်များသာ အားထားနေရ

ပြည်တွင်း၌ ထွင်းထု သည့် ကျောက်စိမ်းပန်းပုအရည် အသွေးနိမ့်နေ၍ တရုတ်နိုင်ငံမှ ကျောက်စိမ်းကုန်ချောထည်များကို အားထားနေရဆဲဖြစ်သည်ဟု ကျောက်စိမ်း ရောင်းဝယ်သူများထံမှ သတင်းရရှိသည်။
ကျောက်စိမ်းအကြမ်းထည် များကို အချောထည်ပြုလုပ်သော ပြည်တွင်းလုပ်ငန်းများမှာ ပြည်ပ မှ ထုတ်လုပ်သော ကျောက်စိမ်း ပန်းပုများထက် အရည်အသွေး နိမ့်ပါးနေခြင်းနှင့် ကိုယ်တိုင် လက်မှု ပြုလုပ်သူ နည်းပါးနေခြင်း ကြောင့်ဟုလည်း ဗိုလ်ချုပ်ဈေး ရှိ ကျောက်စိမ်းရောင်းဝယ်ရေးဆိုင် အချို့က ဆိုသည်။
‘‘ဒီက ထုတဲ့ကျောက်စိမ်း တွေက အရောင်အသွေး မှိန်တယ်။ တရုတ်ကမှာယူတဲ့ ကျောက်စိမ်းတွေက အရောင်လက်ပြီး ဆွဲဆောင်မှုရှိတယ်။ ၀ယ်သူအကြိုက်တင်ရတာဆိုတော့ တရုတ်ကထုတဲ့ ကျောက်စိမ်းတွေ ပိုများတယ်’’ ဟု ဗိုလ်ချုပ်ဈေးရှိ Joy ကျောက်စိမ်းအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။
ပြည်တွင်းထွက် ကျောက် စိမ်း အကြမ်းထည်များကို ကိုယ် တိုင်အချောသတ်ပုံဖော်ရောင်းချ သော ဗိုလ်ချုပ်ဈေးရှိ ရတနာ အေး ကျောက်စိမ်းဆိုင်မှ တာဝန်ရှိသူက ‘‘အချောထည်ပုံဖော်ပြု လုပ်တာက လူအင်အား စက် တင်အား အရမ်းလိုအပ်တယ်။ လက်လုပ်ပုံဖော်ပြီးတဲ့ ကျောက် စိမ်းတွေကို အရောင်တင်တဲ့ဆီ တစ်ဆင့် ထပ်အပ်ရတယ်။ ဒီက ထွင်းထုထားတဲ့ ကျောက်စိမ်းအ များစုက အရောင်အသွေးမလှ ကြတာများတယ်’’ဟု ၎င်း၏ အမြင်ကို ပြောသည်။
တရုတ်ပြည်မှ ကျောက်စိမ်းလက်ဝတ်တန်ဆာများမှာ စက်ဖြင့်ပြုလုပ်သော အချောထည်များပြားကာ ရှေးဟောင်းလက်ရာအမီ ပြုလုပ်နိုင်ပြီး အရောင်တင်လှပသည်ဟု ရန်ကုန်မြို့ ကျောက်စိမ်း အရောင်းဆိုင်မှ ဒေါ်ဝင်းဝင်းက ဆိုသည်။
ကျောက်စိမ်းရောင်းဝယ်ရေး မှာ တရုတ်လူမျိုးများကို အဓိကအားထားနေရပြီး ပြည်တွင်းမှ ကျောက်စိမ်းအဆင်တန်ဆာများ ယခုနှစ်အတွင်း ၀ယ်ယူသူနည်းပါးသည်ဟု ၎င်းက ဆိုသည်။
တရုတ်မှ အချောထည် တင်သွင်းရောင်းချသော ကျောက်စိမ်းအရည်အသွေးမှာ ဆေးသွင်းထားသည့် အရောင်အဆင်းများပြားသည်ဟု ဆိုသည်။
ပြည်တွင်း ကျောက်စိမ်း ထုတ်လုပ်မှုတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၌ ၂၁,၀၃၂ တန် ၀န်းကျင်ရှိပြီး ၂၀၁၄ ဧပြီမှ ဇွန်လအတွင်း ၃,၄၄၃ တန် ၀န်းကျင်ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှု မှ ဒေါ်လာ ၉၉၇ သန်းကျော် ရရှိ ကြောင်း စီး/ကူး ၀န်ကြီးဌာနမှ သိရသည်။
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment