မင်းနေပြည်ဂုဏ်ပုဒ်နဲ့ အညီ ပေးထားတဲ့ မြန်နှုန်းမြင့် အင်တာနက်နဲ့ ....

တစ်ပြည်လုံး အတွက် သုံးစွဲခွင့်ရှိတဲ့ အင်တာနက် ပမာဏကို မင်းတို့ အခြေစိုက်ရာ နေပြည်တော်နဲ့ တစ်ထီး တစ် နန်းဖြစ်နေတဲ့ ဘန်ကာထဲက စစ်တပ်ပိုင်း အတွက် ခွဲတမ်းချပြီးမှ ရန်ကုန်အပါအ၀င် တခြားသော မြို့တွေ ခွဲဝေ သုံးစွဲနေရခြင်းဟာ တကယ်တမ်းတော့ မမျှတတဲ့ ခွဲဝေမှုစနစ်. . .

~~~~~~~~~~~~~~~~~~~~~~~~~

တိုက်တိုက်ဆိုင်ဆိုင်ပဲ မရောက်တာ ကြာပြီဖြစ်တဲ့ နေပြည်တော်ကို သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ)နဲ့ ပြန် ကြားရေးက တရားစွဲထားလို့ ပြန်ရောက်ခဲ့ရတယ်။ နေပြည်တော်ကို ရောက်တော့ တရားရုံးတက်ဖို့အတွက် ကြို ရောက်နေတာ ဟိုတယ်ဇုန်ထဲက မြတ်နန်းယုံဟိုတယ်မှာ တစ်ရက်တာ နားနေခွင့် ရခဲ့ပါတယ်။ အဲဒီမှာ ထူးထူး ခြားခြား ဟိုတယ်က ပေးထားတဲ့ Wifi အင်တာနက်ကို သုံးခွင့်ရခဲ့တယ်။

ဟိုတယ်ရဲ့ ဧည့်ကြိုဌာနမှာ သုံးခွင့်ပေးထားတဲ့ ၀ိုင်ဖိုင်ကို သုံးခဲ့သလို နားနေခွင့်ရတဲ့ ဟိုတယ်ခန်း ထဲမှာလည်း ဟိုတယ်တစ်ခုလုံးအတွက် ပေးထားတဲ့ဝိုင်ဖိုင်ကိုလည်း မြည်းစမ်းသုံးခွင့်ရခဲ့ပါတော့တယ်။…

ဒီနေရာမှာ တစ်ခုကြိုပြောထားချင်တာက ကျွန်တော်တို့ ရုံးအခြေစိုက်တဲ့ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်က ရုံးမှာလည်း ၀ိုင်ဖိုင်အင်တာနက်ရှိသလို ကြိုးနဲ့ သွယ်တန်းသုံးလို့ရအောင်လည်း ကွန်ပျူတာကို ချိတ်ဆက်ထား ပါတယ်။ ဒါပေမဲ့လည်း တစ်ပတ်မှာ တကယ့်အလုပ်လုပ်ရက် ငါးရက် လောက်ရှိတဲ့ထဲမှာ တစ်ရက်တောင်မှ အင်တာနက်ကို စိတ်လက်ချမ်းသာစွာ သုံးစွဲခွင့်မရခဲ့တာပါ။ ကျွန်တော်တို့ရုံးအတွက် ယူထားတဲ့ အင်တာနက် လိုင်းကလည်း တစ်လကို နှစ်သိန်းလောက် ကုန်ပါတယ်။ ဒါပေမဲ့လည်း လိုင်းကမကောင်းေ တာ့ ချော့မော့ သုံး နေရတဲ့ အဆင့်လေ။ တစ်ခါတလေ ရုံးထဲမှာ တခြားသူတွေ ဖုန်းနဲ့ အင်တာနက်သုံးရင် လိုင်းကျတတ်လွန်းလို့ တားနေရတဲ့အဖြစ်ပါ။

ဖုန်းထဲမှာ ဆော့ဖ်ဝဲတစ်ခု ထည့်ချင်လို့ ဒေါင်းလုပ်ခ်ဆွဲတဲ့အခါ လိုင်းကျလိုက် တက်လိုက်နဲ့ ဆိုတော့ တစ်ခါ တစ်ရံ နေ့တစ်ဝက်လောက် ကြာပါတယ်။ ကံကောင်းရင် တစ်နာရီပေါ့ဗျာ။ ဒါတောင် ကျွန်တော်ကိုင်တဲ့ iphone က ဒေါင်းလုပ်ခ်ဆွဲနေရင်း လိုင်းပြတ်ကျရင်တောင် ရောက်တဲ့နေရာက ပြန်ဆွဲပေးတဲ့ အမျိုးအစားမို့ လို့ တော် သေးတယ်ပဲ ပြောရမယ်။

ဒါပေမဲ့လည်း မင်းတို့ဌာနီ နေပြည်တော်က မြတ်နန်းယုံမှာဖြင့် အဲဒီလို မဟုတ်ဘူးခင်ဗျ။ ကျွန်တော် အချိန်မှတ ပြီးဒေါင်းလုပ်ခ် ဆွဲတဲ့အခါ ၁၅ မိနစ်လောက် အတွင်းကို ဆော့ဖ်ဝဲ ၃ခု ဒေါင်းလုပ်ခ်ဆွဲလို့ရတယ်။ ဖိုင်ဆိုက်သေး လို့ မြန်မြန်ဆွဲရတယ်လို့တော့ မထင်လိုက်ပါနဲ့။ ကျွန်တော် ရန်ကုန်မှာ နေတဲ့အချိန် ဒေါင်းလုပ်ခ်ရယူတဲ့ ဖိုင်တွေ ရဲ့ဖိုင်ဆိုက်နဲ့ အတူတူတွေချည်းပါပဲ။ နောက်မို့ဆိုရင် ဖိုင်ဆိုက်မတူတာကိုဆွဲပြီး နေပြည်တော်က လိုင်းကောင်း တယ်လို့ ပြောရလားဆိုပြီး အပြစ်တင်ခံနေရဦးမယ်။ ဘာလို့များ ဒီလောက်တောင် လိုင်းကောင်း နေရတာတုန်း ဆိုရင် မင်းနေပြည်တော်မို့လို့လို့ပဲ ပြောကြမှာပါ။

တကယ်ဆိုရင် တစ်ချိန်က တိုင်းပြည်ရဲ့မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ဟာ အခုအချိန်ထိလည်း စီးပွားရေးမြို့တော် အဖြစ် ရှိနေတုန်းပါပဲ။ ထို့နည်းတူ အင်တာနက်နဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေ က လည်း တစ်ပုံတစ်ပင်ကြီးပါ။ ဒါပေမဲ့လည်း ဘက်စုံဖွံ့ဖြိုးရေးအတွက် လိုအပ် တဲ့အင်တာနက်ပိုင်းမှာတော့ အခြေ အနေ ဆိုးနေတုန်းပါ။

မီဒီယာသမားတစ်ယောက်ကလည်း သတင်းဌာနတစ်ခုတည်းချင်း နေပြည်တော် အခြေစိုက်နဲ့ ရန်ကုန်အခြေ စိုက် သတင်းပို့ကြရမှာ ခက်ခဲပုံကိုလည်း အခုလိုပြော ပြပါတယ်။

““ငါက ရန်ကုန်ကကွာ။ သူက နေပြည်တော်မှာ။ သူတို့ဆီက ဖိုင်ပို့တာကျတော့ ရွှတ်ခနဲဆိုရောက် လာတာ။ ကိုယ် က ရန်ကုန်ကနေ ပြန်ဒေါင်းလုပ်ခ်ယူတော့ နာရီဝက် မကဘူး။ အဲဒီတော့ ဟိုကနေ မရောက်သေးဘူး လား၊ ဘာလားနဲ့ မေးကော။ ရန်ကုန်က လိုင်းကျချက်ကတော့ လက်လန်တယ်”” တဲ့။

နောက်တစ်ယောက်ကလည်း သူ့အတွေ့အကြုံကို အခုလို ထပ်ပြောသဗျ။

““ထိုင်းမှာတုန်းက သုံးမိနစ် ကျော်ကျော် သတင်းတစ်ပုဒ် (အသံဖိုင်) ၀ါရှင်တန်ကိုပို့ရင် နှစ်မိနစ်ပဲ။ ငါးမိနစ် လောက်ဆိုရင် လူက စိတ်တိုချင်နေပြီ။ ဒီလိုနဲ့ မွန်ပြည်နယ်မှာ သတင်းသွားယူတော့ တစ်မြို့လုံး မှာ အမြန် ဆုံး ဆိုတဲ့ဆိုင်ကိုရှာပြီး သွားပို့တာ မှတ်မှတ်ရရ ၂၇ မိနစ် ကြာတယ်။ လူက စိတ်တိုဖို့ နေနေသာ သာ ပျော်လိုက် တဲ့ဖြစ်ခြင်း”” တဲ့လေ။

တကယ်လို့သာ နေပြည်တော်မှာ ပေးထားတဲ့ အင်တာနက် မြန်နှုန်းနဲ့ပို့မယ်ဆိုရင်တော့ သူ ဒီ့ ထက်ေ တာင် ပျော်မှာပဲလို့ ကျွန်တော်ကတောင် နောက်လိုက်သေးတယ်။ နောက်ပြီး မြန်မာပြည်က လူတွေ က ပျော်တတ် တယ်လို့။ မီးလာရင် ပျော်၊ အင်တာနက်လိုင်း ကောင်းရင် ပျော်နဲ့လို့။

ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့ သတင်းဌာနတွေ အပါအ၀င် စီးပွားရေးလုပ်ငန်းစု တော်တော်များများ ဟာ ရန်ကုန်မြို့ကို အခြေခံကြတယ်ဆိုတာပါ။ ဒါ့အပြင် ပြည်ပက လာရောက်တဲ့ စီးပွားရေး အဖွဲ့အစည်း တွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ NGO တွေကို ကြည့်မယ်ဆိုရင်လည်း ရန်ကုန်မှာပဲ အခြေတည်ကြတာ များပါတယ်။ ဒီလုပ်ငန်းေ တွ၊ အဖွဲ့အစည်းတွေဟာ လုပ်ငန်းအတွက် မရှိမဖြစ်လိုဖြစ်နေတဲ့ အင်တာနက်ဝန်ဆောင်မှုရရှိ တဲ့အပိုင်းမှာ ခွဲခြားခံနေရခြင်းပါ။

ဖွံ့ဖြိုးတိုးတက်ဖို့ ရုန်းကန်နေရတဲ့ မြန်မာပြည်ရဲ့စီးပွားရေးအချက်အချာ ရန်ကုန်မြို့ဟာ တိုးတက်မှု နှုန်းမြန် ဆန်ဖို့အတွက် လိုအပ်ချက်တစ်ခုဖြစ်တဲ့ အင်တာနက်ပိုင်း ၀န်ဆောင်မှုရယူခွင့်ရှိတဲ့ အပိုင်းမှာ နောက်တန်း ကို ရောက်နေပါတယ်။

မြန်မာတစ်ပြည်လုံးအတွက် သုံးစွဲခွင့်ရှိတဲ့ အင်တာနက်ပမာဏကို မင်းတို့ အခြေစိုက်ရာ နေပြည်တော်နဲ့ တစ် ထီးတစ်နန်းဖြစ်နေတဲ့ ဘန်ကာထဲက စစ်တပ်ပိုင်းအတွက် ခွဲတမ်းချပြီးမှ ရန်ကုန်အပါအ၀င် တခြားသော မြို့တွေ ခွဲဝေသုံးစွဲနေ ရခြင်းဟာတကယ်တမ်းတော့ မမျှတတဲ့ခွဲဝေမှုစနစ်လို့ပဲ ဝေဖန်ရမှာပါ။

လိုအပ်ချက်အရ အကြောင်းရင်းတစ်ခုကြောင့်သာ လူအရောက် အပေါက်ရှိတဲ့နေပြည်တော်မှာ တိုင်းပြည်ရဲ့ မြို့တော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကာမိအောင် အင်တာနက်လွှင့်ထုတ် မှုများများပေးနေခြင်းဟာ တကယ် တမ်းကော ဖြစ် သင့်ရဲ့လားဆိုတာ တာဝန်ရှိသူများအနေနဲ့ ပြန်လည် စောကြောသင့်နေပါပြီ။

အစိုးရ၀န်ထမ်းနဲ့ ဒေသခံပြည် သူအနည်းငယ်၊ ကိစ္စမြားမြောင်ကြောင့် အခိုက်အတန့် သဘော ရောက်လာ သူ တွေအတွက် အင်တာနက်သုံးစွဲခွင့်ဟာ တကယ့်လို အပ်ချက်ကြီးမားနေတဲ့ တခြားသော မြို့တွေ၊ ဒေသတွေကို ထိုက်သင့်သလောက် ပြန်လည်မျှဝေပေးမယ် ဆိုရင်ဖြင့် အတိုင်းထက်အလွန် ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်မှာပါ။

မင်းနေပြည်တော်ရဲ့ ဂုဏ်ပုဒ် နဲ့ညီအောင် သုံးသူမရှိဘဲ မဆံ့မပြဲ သုံးနိုင်အောင်ပေးထားတဲ့ အင်တာနက် ၀န်ဆောင်မှုကို တိုင်းပြည် အတွက် တန်ဖိုးရှိအောင် မျှဝေသုံး စွဲစေနိုင်ရန် ရည်ညွှန်းရင်းဖြင့်…။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment