မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ညှိနှိုင်းမှုများ ပြုလုပ်

လက်ပံတောင်းတောင် အဓိကရုဏ်း အတွင်းမှာ ရဲတပ်ဖွဲ့က ပစ်ခတ်လို့ ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုနဲ့ ပက်သက်လို့ ကန့်ကွက်တဲ့ အနေနဲ့ မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံး ရှေ့မှာ ပြည်သူတွေ ဒီကနေ့ စနေနေ့မှာ သွားရောက် ဆန္ဒပြ ခဲ့ပါတယ်။

ဆန္ဒပြပွဲကို မန္တလေးက သံဃာတော်တွေနဲ့ ပြည်သူ ၅၀၀ ကျော် ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့က တရုတ်ကောင် စစ်ဝန်ရုံးရှေ့ကို မသွားနိုင်အောင် စည်းတားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပထမစည်းကို ဆန္ဒပြသူတွေက ကျော်နိုင်ခဲ့ပြီး ဒုတိယစည်းအတွက် ရဲတပ်ဖွဲ့နဲ့  ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ သွားရောက် သတင်းယူတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

ဒုတိယစည်းကို ကျော်နိုင်မှ ဆန္ဒပြသူတွေဟာ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ရောက်ရှိပြီး ဆန္ဒပြနိုင်မှာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ မန္တလေးမြို့က ရွှေဝါရောင် သံဃာတော်၊ ကျောင်းသားတွေနဲ့ အရပ်ဖက် လူအဖွဲ့အစည်းတွေနဲ့ ပါဝင်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဦးပိုင် ၀မ်ပေါင် အလိုမရှိ၊ အကြမ်းဖက်မှုအတွက် ဖြေရှင်းပေး၊ လယ်သမား ရန်သူ တို့ရန်သူ စတဲ့ ကြွေးကြော်သံတွေ ဟစ်အော်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က ကိုမိုးထက်နေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ လက်ပံတောင်း အကြမ်းဖက်မှုနဲ့ ပက်သက်လို့ ရဲတပ်ဖွဲ့မှာလည်း တာဝန်ရှိတဲ့အတွက် မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးဆီ သွားရောက် ဆန္ဒပြဦးမှာ ဖြစ်ပါတယ်။

လက်ပံတောင်း ကိစ္စနဲ့ ပက်သက်လို့ ဒေါ်ခင်ဝင်း သေဆုံးမှုကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့နဲ့ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူပေးဖို့ ရန်ကုန်မြို့မှာ ဗကသကျောင်းသားတွေက တောင်ဆိုး ဆန္ဒပြခဲ့သလို ပြည်မြို့မှာလည်း သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြတာတွေ ပြုလုပ်နေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75125
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment