ဘီယွန်စေး ပုဂံခရီးစဉ်ပုံများ လူမှုကွန်ရက်တွင် စတင်

ဘီယွန်စေးတင်ထားသည့် ပုဂံခရီးစဉ်ပုံအချို့
ပုဂံသို့ ပြီးခဲ့သည့် အင်္ဂါနေ့က နေ့ချင်းပြန် လာရောက်လည်ပတ်ခဲ့သော ကမ္ဘာကျော်အဆိုတော်စုံတွဲ ဂျေးဇီးနှင့် ဘီယွန်စေးတို့ ပုဂံတွင် ရိုက်ကူးထားခဲ့သည့် ဓာတ်ပုံများကို ဘီယွန်စေး၏တွစ်တာစာမျက်နှာတွင် ဗုဒ္ဓဟူးနေ့က တင်ခဲ့ရာ လူမှုကွန်ရက်များ၌ ပျံ့နှံ့လာခဲ့သည်။
ဘီယွန်စေးတင်ခဲ့သည့် ပုံ တစ်ပုံတွင် စကားပြန်ဟုယူဆရ သောအမျိုးသမီးတစ်ဦး အကူ အညီဖြင့် ကိုရင်ငယ်တစ်ပါးဖြင့် စကားပြောနေသည့် ခင်ပွန်းဖြစ် သူ ဂျေးဇီးကို မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေသော ဘီယွန်စေးတို့ ကို ရိုက်ကူးထားသည့်ပုံဖြစ်သည်။ HUGE အမှတ်တံဆိပ် နေပူကာ ကွယ်ပေးသော ဦးထုပ်အကြီး ကိုဆောင်းထားပြီး ပဝါလိုလို၊ ဂါဝန်လိုလို အသားရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဘီယွန်စေး က ပုဂံရှိအထင်ကရနေရာများ တွင် ကလေးငယ်များ၏ ဓာတ်ပုံ များကို မှတ်တမ်းတင်ရိုက်ကူးခဲ့ သည်ဟု Mirror သတင်းဌာနက ရေးသားထားသည်။
နောက်တစ်ပုံမှာ နေဝင်ချိန် ကြည့်ရှု၍ရပြီး စေတီအလယ်ပစ္စ ယံအထိတက်နိုင်သည့် ရွှေဆံတော်စေတီတွင် စုံတွဲရိုက်ကူးထား သောပုံဖြစ်သည်။ ရွှေဆံတော်စေတီ အလယ်ပစ္စယံမှာပင် ရိုက်ကူး ထားသည့် ဂျေးဇီး၏ တစ်ကိုယ် တော်ပုံတွင်မူ ရက်ပ်ပါဂျေးဇီးက၎င်း၏ ဂီတထုတ်လုပ်ရေး ကုမ္ပဏီ Rocafella Records ၏ အတိုကောက် Roc အမှတ်သညာဖြစ်သည့် လက်ညှိုးနှစ်ဖက်၊ လက်မနှစ်ဖက်ကိုယှက်ကာ တြိဂံ ပုံစံပြုလုပ်ကာ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။
နှစ်သစ်ကူး အားလပ်ရက် အပန်းဖြေခရီးအဖြစ် ထိုင်းနိုင်ငံ ဖူးခက်သို့ မိသားစုအပန်းဖြေခရီး လာရောက်သော ဂျေးဇီးနှင့် ဘီ ယွန်စေးတို့စုံတွဲသည် မြန်မာနိုင်ငံပုဂံသို့ အင်္ဂါနေ့က စင်းလုံးငှားလေယာဉ်ဖြင့် လာရောက် လည်ပတ်ခဲ့ပြီး ပုဂံမြို့တွင်းအဖွဲ့လိုက် စက်ဘီးများဖြင့် လည်ပတ်ခဲ့သည်။ ကမ္ဘာကျော်စုံတွဲ၏ (၂)နှစ်အရွယ်သမီးငယ် Blue Ivy မှာ ထိုင်းနိုင်ငံ ဖူးခက်သို့ လိုက်ပါလာပြီး အတူအပန်းဖြေခဲ့သော်လည်း တင်ထားသည့်ဓာတ်ပုံများတွင် ပါဝင်ခြင်းမရှိသလို နာရီပိုင်းသာလည်ပတ်ခဲ့သော ပုဂံသို့ ခေါ်ဆောင်လာခြင်းမရှိ၊ မရှိ မသိရှိရပေ။
Source:7daydaily.com



Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment