မြန်မာ့ဆန်ကို တရုတ်ဈေးလျှော့ဝယ်ယူနေ

ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်တစ်ဆိုင်/ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
မြန်မာနိုင်ငံမှ ဆန်များကို အလုံးအရင်းဖြင့် တင်ပို့နေပြီး ၀ယ်လိုအားနည်းနေသဖြင့် တရုတ်ကုန်သည်များ ဈေးချဝယ်ယူနေကြောင်း မူဆယ်မြို့ရှိ ဆန်ကုန်သည်များထံမှ သတင်းရရှိသည်။
‘‘ပြီးခဲ့တဲ့အပတ်နဲ့စာရင် တစ်အိတ်ကို သုံးယွမ်လောက် ဈေးကျသွားတယ်’’ဟု ဆန်ကုန်သည် ဦးမင်းသိန်းကပြောသည်။
ပြည်တွင်း၌ စပါးအသစ်ပေါ်ချိန်ဖြစ်နေပြီး ယခင်လက်ကျန်များရှိနေခြင်း၊ ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှ အရည်အသွေးမြင့် စပါးများသာ ပိုမိုဦးစားပေးဝယ်ယူနေခြင်းတို့ကြောင့် တရုတ်နိုင်ငံသို့ နေ့စဉ်၊ ဆန်၊ ဆန်ကွဲနှင့် ကောက်ညှင်းအိတ်ရေ ကိုးသောင်းနှင့် တစ်သိန်းကြား ၀င်ရောက်နေပြီး တရုတ်ကုန်သည်များ ၀ယ်ယူသည့် ပမာဏမှာ နေ့စဉ်အိတ်ရေ ငါးသောင်းဝန်းကျင်သာရှိသည်။
‘‘အဖမ်းအဆီးကတော့ ကြိုးကြားကြိုးကြား ရှိပါတယ်။ ဒါပေမဲ့ အခြေအနေကတော့ ကောင်းနေတယ်’’ဟု ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေးကပြောသည်။
လက်ရှိ ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးမှာ တစ်အိတ်လျှင် ၁၆,၅၀၀ ၀န်းကျင်ရှိနေပြီး ဆန်ချောဈေးမှာ တစ်အိတ်လျှင် ၃၀,၀၀၀ ကျော် ဈေးပေါက်သည်။ ပြည်တွင်းဈေးကွက်တွင် စပါးဈေးမှာ တင်းတစ်ရာလျှင် ကျပ်လေးသိန်းကျော် ဈေးရှိနေသည်။
မကြာသေးမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံတွင် မြန်မာလုပ်ငန်းရှင်များ၏ ငွေစာရင်းများ ပိတ်ဆို့မှုများနှင့် ကြုံတွေ့ခဲ့သော်လည်း တရုတ်အစိုးရက ကုန်သွယ်ရေးကို ထိခိုက်မည်စိုး၍ ငွေလွှဲခွင့်များ ခွင့်ပြုခဲ့သည်။ ယင်းကြောင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချမှုသည် ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်းသာ ရောင်းချနေရကြောင်း ကုန်သည်များကပြောသည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment