ကုန်ထုတ်လုပ်ငန်းများ အခွန်လျှော့ပေါ့ပေးရန် သူရဦးရွှေမန်းထံ တောင်းဆို

လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ မကြာမီ ၀င်ရောက်လာမည်ဖြစ်သောကြောင့် ၎င်းတို့နှင့် ယှဉ်ပြိုင်လုပ် ကိုင်နိုင်ရန် ပြည်တွင်းစက်မှုဇုန်များမှ ကုန်ထုတ်လုပ်ငန်းများကို ၀င်ငွေခွန် ကင်းလွတ်ခွင့် အပါအ၀င် အခြားအခွန်နှုန်းထားများ လျှော့ပေးရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းထံ လုပ်ငန်းရှင်များက တောင်းဆိုလိုက်ကြောင်း လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။
‘‘အခွန်တွေက များနေတော့ ထုတ်ကုန်လုပ်ငန်းရှင်တွေက နာလန်မထူနိုင်ဘူး’’ဟု ဦးမြတ်သင်း အောင်ကပြောကြားသည်။
ပြည်တွင်း ထုတ်ကုန်လုပ်ငန်းများတွင် ပြည်ပသို့တင်ပို့မည့် လုပ်ငန်းများကို ၀င်ငွေခွန်ငါးနှစ် ကင်းလွတ်ခွင့်၊ စက်ရုံများတွင်အ သုံးပြုရန် ပြည်ပမှ ပစ္စည်းများတင်သွင်းရာတွင် ပေးဆောင်ရသော အခွန်ကင်းလွတ်ခွင့်၊ ကုန်ပစ္စည်းများ ပြည်ပတင်ပို့ရာတွင် ပို့ကုန်အခွန် ကင်းလွတ်ခွင့်များ ပေးသင့် ကြောင်း ၎င်းက တင်ပြပြောကြားသည်။
‘‘တရုတ်မှာဆိုသွင်းကုန်ကိုပဲ အခွန်ကောက်တယ်။ ပို့ကုန်ကို လုံးဝမကောက်ဘူး’’ဟု ပြည်ပသို့ ဆန်တင်ပို့နေသော ကုန်သည်ဦးမျိုးသူရအေးက  ပြောကြားသည်။
မကြာမီရင်းနှီးမြှုပ်နှံထုတ်လုပ်မှုများပြုလုပ်မည့် သီလ၀ါအထူးစီးပွားရေးဇုန်တွင် ကုန်ထုတ် လုပ်ငန်းလုပ်ကိုင်သူများသည် အခွန်ကင်းလွတ်ခွင့်များရရှိမည်ဖြစ်သည်။ ပြည်တွင်းစက်မှုဇုန်များတွင် ကုန်ထုတ်လုပ်ငန်းများသည် အရည်အသွေးနည်းပညာပိုင်း အားနည်းပြီး ပြည်ပမှအခွန်လွတ် ပစ္စည်းများ အလုံးအရင်းနှင့် ၀င်ရောက်လာပါက ယှဉ်ပြိုင်ရန်ခက်ခဲမည်ဟု ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌဒေါက်တာ မောင်မောင်လေးကပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် သဘာဝသယံဇာတ၊ စိုက်ပျိုးရေးထုတ်ကုန်များ၊ ရေထွက်ပစ္စည်းကုန်ကြမ်း၊ ကျောက်မျက်ရတနာပစ္စည်း ရောင်းချမှုတို့အပေါ်တွင် မူတည်နေသည်။ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်သော တန်ဖိုးမြင့်ထုတ်ကုန်များထုတ်နိုင်မှ ဆင်းရဲချမ်းသာကွာဟမှုနည်းမည်ဟု စီးပွားရေးလုပ်ငန်းရှင်များကပြောကြားသည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment