ကိုးကန့်တိမ်းရှောင်အဖွဲ့အား ကူညီခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏လုပ်ရပ်အပေါ် လက်မခံနိုင်ကြောင်း တပ်ချုပ်ပြောကြား

ဖုန်ကြားရှင်ဦး ဆောင်သော ကိုးကန့်တိမ်းရှောင် အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာတွင် ကိုးကန့် တိမ်းရှောင်အဖွဲ့ဘက်က ပါဝင် တိုက်ခိုက်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး အလှမ်းဝေးမည့်အခြေ အနေဖြစ်ပြီး မည်သို့မျှ လက်ခံ၍ မရကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသည်။

‘‘ငြိမ်းချမ်းရေးလို့ ပြောနေ တယ်။ ပြီးတော့ တကယ်တိုက် တော့ပါနေတယ်ဆိုကတည်းက သူတို့ရဲ့ အင်တန်းရှင်း(ရည်ရွယ် ချက်)က မရိုးသားဘူးဆိုတာ သွားဖော်ပြတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ် သက်ပြီး အလှမ်းဝေးမယ့် သဘော ပေါ့။ သူတို့အဖွဲ့အစည်းနဲ့ ပတ် သက်ပြီး အလှမ်းဝေးမယ့် သဘောရှိတယ်။ ဘယ်လိုမှ လက်ခံလို့မရ ဘူး’’ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကိုးကန့်တိမ်းရှောင် အဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲ၌ ပါဝင်တိုက်ခိုက်ပေးခဲ့သော တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် မည်သို့ဖြေရှင်းမည်ကို 7Day Daily က မေးမြန်းရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ကိုးကန့်တိမ်းရှောင်အဖွဲ့၏ ပြောကြားချက်အရ TNLA (တ အောင်း(ပလောင်)တပ်မတော်) AA (ရက္ခိုင့်တပ်မတော်)၊ SSPP/ SSA (ရှမ်းမြောက်)စသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ သည် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ကိုးကန့်တိမ်းရှောင်အဖွဲ့ဘက်မှ ကူညီပါဝင်တိုက်ခိုက်ပေးခဲ့သည်ဟုသိရကြောင်း ၎င်းက ပြော ကြားသည်။

ယခင်ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ကိုးကန့်တိမ်းရှောင်ဘက်မှ ကေအိုင်အေ ပါဝင်သည်ဟုဆိုသော်လည်း လောက်ကိုင်ဒေသတွင် ဖြစ်ပွားသော တိုက်ပွဲများတွင် ကေအိုင်အေ မပါဝင်ကြောင်း ကိုးကန့်တပ်ဖွဲ့ဘက်မှ

ပြောခဲ့သည်။

‘‘သူတို့ တရားဝင်ပြောတဲ့ TNLA ပေါ့။ နောက်တစ်ခါ AA၊ နောက်တစ်ခါ SSA ၊ သူတို့ လုပ်နေတယ်လို့ သူတို့ပြောတာပေါ့။ အကိုတို့လည်း ကွန်ဖန်း (အတည်ပြု ချက်) လုပ်နေတုန်း ရှိပါသေး တယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ဆက်လက်ရှင်းပြ သည်။

အဆိုပါတိုက်ပွဲများနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားရာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အစိုးရသည် တရားဝင် ရွေးကောက်ခံထားရသော အစိုးရ ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ကိုး ကန့်တိမ်းရှောင်အဖွဲ့မှ ကျူးကျော်တိုက်ခိုက်မှုသည် မြန်မာနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်ခြင်း သာဖြစ်ကြောင်း ဆိုသည်။

‘‘မြန်မာနိုင်ငံရဲ့ အစိတ်အ ပိုင်းတစ်ခုဖြစ်တယ်။ ဒီအစိုးရကို လာတိုက်တာက ဒီနိုင်ငံကို လာ တိုက်တာနဲ့ အတူတူပဲ။ ဒါကြောင့် တပ်မတော်အနေနဲ့ ဒါကို ပြတ် ပြတ်သားသား တိုက်ခိုက်တာ ပေါ့’’ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက် ပြော ကြားသည်။

သို့သော်ပြည်တွင်းငြိမ်းချမ်း ရေးနှင့် ပတ်သက်၍ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ် ငန်းအောင်မြင်သည်အထိ ဆက် လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်းလည်း ၎င်းကပြောသည်။

‘‘ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီး အောင်မြင်အောင်လုပ်မှာပါပဲ။ တိုင်းပြည်တစ်ခုရဲ့ တိုးတက်မှုဆို တာ တည်ငြိမ်အေးချမ်းမှုမရှိဘဲ မဖြစ်နိုင်ဘူး’’ဟု အခြားလက်နက် ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မည်သို့ဆက်လက် လုပ်ကိုင်မည်လဲ မေးခွန်းအပေါ် အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့သည် ဖေဖော်ဝါရီ ၉ ရက်မှစ၍ လောက် ကိုင်ဒေသသို့ လာရောက်တိုက် ခိုက်သဖြင့် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့ ပြီး တပ်မတော်သား ၄၇ ဦးကျဆုံးခဲ့ကာ ၇၃ ဦး ဒဏ်ရာရရှိခဲ့သည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment