အိန္ဒိယ ပြင်လယ်ပြင်တွင် ပိုင်နက်ကျူးလွန်မှုဖြင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသော မြန်မာ ရေလုပ်သားများ ပြစ်ဒဏ်ကျခံပြီး နိုင်ငံသား မှန်ကန်ကြောင်း စစ်ဆေးမှုများပြုလုပ်ကာ ပြန်လည်ခေါ်ဆောင်လာသည်ကို ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်(မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံ ရေပိုင်နက်အတွင်း ထိန်းသိမ်းခံထားရသော မြန်မာရေလုပ်သား ရေမျှောဒုက္ဒသည်များအား
လေးနှစ်အတွင်း ဒုက္ခသည် ဦးရေငါးထောင်ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့သည်ဟု ဇန်နဝါရီလ ၁၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံ ရေပိုင်နက်အတွင်းရောက်ရှိ ထိန်းသိမ်းခံထားရသော မြန်မာရေလုပ်သားဒုက္ခသည် ၅၃၁၂ ဦးကို ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားခြင်း ဖြစ်သည်။
ထို့ပြင် ယခုနှစ်ဆန်းပိုင်းတွင်လည်း အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့မှ မြန်မာရေလုပ်သား ၃၉၇ ဦးကို ထပ်မံခေါ်ယူနိုင်ခဲ့သည်။
ယခုကဲ့သို့ မြန်မာလုပ်သားများ၏ ပြန်တော်ပြန်ခရီးစဉ်တွင် ကမ်းခြေစောင့်သင်္ဘောဖြင့် ၁၂၆၃ဦး၊ လေယာဉ်ဖြင့် ၄၄၄၆ ဦးတို့ ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
0 comments:
Post a Comment