ကျိုက်ထီးရိုး တောင်တက်လမ်းတွင် ပီရူးနိုင်ငံသူအား အဓမ္မပြုကျင့်ပြီး လူကိုသတ်ရန် ကြံသူကို ထောင်ဒဏ် ၄၃ နှစ် ချမှတ် Editor 4:48 PM ပြည်တွင်းသတင်း Edit ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေ တောင်တက်လမ်း၌ ရှုခင်းဓာတ်ပုံများ ရိုက်ကူးရင်း တစ်ဦးတည်း လမ်းလျှောက်နေသည့် ပီရူးနိုင်ငံသူ Miss Danianucia အား ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက် နံနက် ၉ နာရီခွဲခန့် က ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနေ ဇော်မင်းလတ်(ခ) ကုလားကြီး(၂၂)နှစ် (ကျောက်ထုလုပ်သား)က အဓမ္မပြုကျင့်ပြီး ပစ္စည်းလု၊ လူကိုသတ်ရန်ကြံစည်ခဲ့သဖြင့် ကင်မွန်းချောင်း နယ်မြေရဲစခန်းက (ပ)၄၄/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၃ဝ၇/၃၇၉ ဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က သထုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၇ ရက်က သထုံခရိုင်တရားသူကြီးဦးထိန်မင်းက ပြစ်မှုကျူးလွန်သူ ဇော်မင်းလတ်(ခ)ကုလားကြီးအား ပြစ်မှုပုဒ်မ ၃၇၆ အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်း(အနှစ် ၂ဝ နှင့်ညီမျှသည်)၊ ပြစ်မှုပုဒ်မ ၃ဝ၇ ထောင်ဒဏ်တစ်သက် တစ်ကျွန်း(အနှစ် ၂ဝ နှင့်ညီမျှသည်)၊ ပြစ်မှုပုဒ်မ ၃၇၉ အရအလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်(သီးခြားစီ) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။ (ကြေးမုံ) The Mirror Daily Share on Facebook Share on Twitter Share on Google Plus About Editor This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel. RELATED POSTS
0 comments:
Post a Comment