အစိုးရအဖွဲ့မှ အနားယူခဲ့သော နာမည်ကျော် ဝန်ကြီးဟောင်းအချို့ ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ


ရန်ကုန်၊ ဇန်နဝါရီ  ၆
လက်ရှိအစိုးရ သက်တမ်း ၃ နှစ်အတွင်းက စွပ်စွဲချက်မျိုးစုံဖြင့် အနားယူခဲ့ရသော လျှပ်စစ် ဝန် ကြီးဟောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဟောင်း၊ ဆက်သွယ်ရေး ဝန်ကြီးေ ဟာင်း အစရှိသည့် ဝန်ကြီးဟောင်းအချို့တို့ လာမည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီဘက်မှနေ၍ ဝင်ရောက်ယှဉ် ပြိုင်ဖွယ်ရှိနေကြောင်း ပါတီနှင့်နီး စပ်သော အသိုင်း အဝိုင်းမှ သိရ သည်။
၎င်းတို့  ရွေးကောက်ပွဲ ဝင်မ ဝင်ကို မိခင်ပါတီ ပြည်ခိုင်ဖြိုးထိပ် တန်းခေါင်းဆောင်တစ်ဦးက ယတိပြတ်ငြင်းဆန်ခြင်း မရှိခဲ့ပေ။
”ပြိုင်ချင်လည်း ပြိုင်နိုင်တာ ပါပဲ။ သူ့မဲဆန္ဒနယ်က ထောက်ခံ ရင် သူတို့ဝင်ပြိုင်နိုင်တာပဲ”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
သမ္မတဦးသိန်းစိန် အစိုးရ အဖွဲ့အတွင်းမှ အနားယူနုတ်ထွက် သွားသော ဝန်ကြီးဟောင်း အများ စုမှာ လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ တွင် အကြံပေးများအဖြစ် ဝင် ရောက် လုပ်ကိုင်နေကြောင်း ၄င်း က ပြောကြားသည်။
၂ဝ၁ဝ နောက်ပိုင်းတွင် ပေါ် လာသည့် နိုင်ငံ၏ ဥပဒေပြုရေး ဆိုင်ရာ လွှတ်တော်သည် ပြုပြင် ပြောင်းလဲမှုအား အကောင်းဆုံး ဟု အတိုက်အခံများဘက်ကပါ ချီးမွမ်းလာ ချိန်တွင် လွှတ်တော် ဥက္ကဋ္ဌတစ်ဖြစ်လဲ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထိုသူတို့ ကို ပါတီသို့ ခေါ်ယူထားခြင်းဖြစ် သည်ဟု သိရသည်။
ပါတီနိုင်ငံရေးပိုင်း လေ့လာ သုံးသပ်နေသူ အမည်မဖော်လိုသူ တစ်ဦးက ”ဒါ ဘာသဘောလဲ မသိဘူး။ မဝေဖန်တတ်တော့ပါ ဘူး”ဟု မှတ်ချက်ပြုသည်။
လက်ရှိတွင် ပါတီတစ်ခု တည်းမှ သမ္မတဖြစ်လာသူနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ သူတို့အကြား ဆက်ဆံရေးအဆင် မပြေသည့် သတင်းများလည်း ဆက်တိုက် ထွက်ပေါ်နေသည်။
ယင်းအပေါ် ပါတီထိပ်တန်း အကြီးအကဲတစ်ဦးဖြစ်သူ ဦးဌေး ဦးက ”လုံးဝ မတည့်တာတော့ မဟုတ်ပါဘူး။ ပွတ်တိုက်မှုလေး တွေတော့ ရှိပါတယ်”ဟု ပြော သည်။
ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိ ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းက ယခင် စစ်အစိုးရအဖွဲ့မှအနားယူ ခဲ့ကြသော ဒုတိယဗိုလ်ချုပ်ကြီး တင်လှ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း၊ ဒုတိယဗိုလ်ချုပ် ကြီး ရဲမြင့်၊ ပြည်ထဲရေးဝန်ကြီး ဟောင်းဦးတင်လှိုင်၊ ဗိုလ်ချုပှ်စိန်ဝင်း၊ ဗိုလ်ချုပ်စိန်ထွား စသည့် အငြိမ်းစားစစ်ဘက်ခေါင်းေ ဆာင် အချို့၊ သမ္မတဦးသိန်းစိန် အစိုးရ အဖွဲ့မှ အနားယူခဲ့ကြသော ပြန် ကြားရေးဝန်ကြီးဟောင်း၊ သာသ နာရေးဝန်ကြီးဟောင်း၊ ဆက် သွယ်ရေးဝန်ကြီးဟောင်း၊ အမှတ် ၁
လျှပ်စစ်ဝန်ကြီးဟောင်း၊ လက်ရှိ ပြည်ခိုင်ဖြိုးပါတီတွင် ဗဟိုအလုပ် အမှုဆောင်များအဖြစ် တာဝန် ထမ်းဆောင်နေသော ဦးသိန်းဇော်၊ သူရဦးအေးမြင့်နှင့် ဦးအောင် သောင်း စသည်တို့နှင့် ဇန်နဝါရီ လ ၂ ရက်နေ့ညက ရန်ကုန် ၈ မိုင်တွင် အချိန် ၅ နာရီကျော်ကြာတံခါးပိတ်ဆွေးနွေးခဲ့မှု ပြုလုပ် ထားသည်။
မည်သည့်အတွက်ကြောင့် ၄င်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည် ကို တက်ရောက်လာသူအချို့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လုပ်ဖော်ကိုင်ဖက်ဟောင်းများ အလွတ်သဘောတွေ့ဆုံခြင်းသာ ဖြစ်ကြောင်း တက်ရောက်ခဲ့သူ တစ်ဦးက ပြန်လည်ဖြေကြားသည်။
အဆိုပါပွဲသို့ တက်ရောက် ခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပေါ်ပြူလာန ယူးစ်တို့ တွေ့ဆုံရာတွင် ”မြန်မာ နိုင်ငံသူ နိုင်ငံသားတွေ အားလုံး ကျန်းမာ ရွှင်လန်းပါစေ ၂ဝ၁၅ ကလည်း မြန်မာနိုင်ငံအတွက် ကောင်းသောနှစ်အောင်မြင်သော နှစ်ဖြစ် ပါစေ”ဟု နိုင်ငံသားတို့ကို နှစ်သစ်ဆုတောင်းစကား ပြော ကြားခဲ့သည်။
၂ဝ၁၅ အထွေထွေ ရွေး ကောက်ပွဲကို လာမည့် အောက်တို ဘာလကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေညာ ထားပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ်လောင်း မည်သူမည်ဝါ ယှဉ် ပြိုင်မည်ဆိုသည်ကိုတရားဝင် ထုတ်ပြန်ကြေညာခြင်း မပြုသေး ပေ။
P-News
Source:http://www.popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment