ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ပါဝင်သည့် အင်အား တစ်ထောင်ခန့်က ဇန်နဝါရီ ၁၆ ရက်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြကာ ဦးဆောင်သံဃာတော် တစ်ပါးက ရင့်သီးသည့် အသုံးအနှုန်းများ သုံးနှုန်းလျက် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည်။
ဘင်္ဂလီများကို နိုင်ငံသား အခွင့်အရေးပေးရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ဆရာတော် ဦးဝီရသူ ဦးဆောင်၍ သံဃာနှင့် လူထု ၂၀၀၀ကျော်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားရှေ့မှ ရန်ကင်းမြို့နယ်ရှိ လူထုဟစ်တိုင်အထိ ကန့်ကွက်ဆန္ဒပြခဲ့သည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ဆန္ဒထုတ်ဖော်ရာတွင် ဆန္ဒပြရာတွင် ဦးဆောင်သည့်အထဲတွင်ပါဝင်သည့် မစိုးရမ်တိုက် ကျောင်းဆရာ တော် ဦးဝိရသူက ရင့်သီးသည့် အသုံးအနှုန်းများ သုံးနှုန်းကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ''ဘင်္ဂါလီတွေ ကုလသမဂ္ဂ ရုံးခန်းထဲ ရုံးခန်းစားပွဲပေါ်အထိ အတင့်ရဲ လာအောင် မြှောက်ပင့်ပေး တာကတော့ လောက်ကောင်တွေပါပဲ။ အဲ့ဒီ လောက်ကောင်တွေကာ တစ်မျိုးသားလုံးကို သစ္စာဖောက် ရုံတင်မက မြန်မာပြည်ကြီးကို ဒေါ်လာနဲ့ရောင်းစား ဖို့လုပ်တာ'' ဟု သုံးနှုန်းပြောဆိုခဲ့သည်။
ဆန္ဒပြပွဲကို ကြေးသွန်းဘုရားမှ ရွှေဂုံတိုင်းတံတားအောက်၊ ရွှေဂံတိုင်လမ်း၊ ဗိုလ်စိန်မှန်လမ်း၊ ဦးချစ်မောင်လမ်းတို့မှ တဆင့် ကျိုက္ကဆံ ဟစ်တိုင်အထိ စီတန်းလှည့်လည် လမ်းလျှောက် ဆန္ဒဖော် ထုတ်ခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီလီကို ရည်ညွှန်းလျက် ဘင်္ဂါလီများကို ရိုဟင်ဂျာ အမည်ဖြင့် အစီရင်ခံစာတင်သွင်းမှု၊ ထိုအစီရင်ခံစာကို ထောက်ခံသူများကိုလည်း “ဒို့ရန်သူ” ဟု ဆန္ဒပြသူများက ဟစ်အော်ဆန္ဒပြခဲ့ကြသည်။
“ကလိမ်ကျင့် ကလိမ်ကျန် ကြံတဲ့ အစီရင်ခံစာတွေနဲ့တင် ခင်ဗျာတို့ အလုပ်ရှုပ်ခံမနေပါနဲ့ ဒီလို သမိုင်းကို မလေ့လာပဲနဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်၊ ဖန်တီးခွင့်၊ ကံကြမ္မာကို ဝင်ရောက်ဖန်တီး နေတာဟာ ကုလသမဂ္ဂလူကြီးလူကောင်တွေရဲ့အလုပ်လား'' ဟုလည်း ဦးဝီရသူက မေးခွန်းထုတ်သည်။
ဆန္ဒပြရာတွင် ဦးဆောင်သူ ဆရာတော်တစ်ပါးဖြစ်သည့် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ကလည်း ဘင်္ဂါလီများကို ရိုဟင်ဂျာဟု အသိအမှတ်မပြုနိုင်သကဲ့သို့ မြန်မာနိုင်ငံသား အဖြစ်လည်း လက်မခံနိုင်ဟု ဆိုသည်။
ဆန္ဒပြပွဲတင်အသုံးပြုသည့် ဆိုင်းဘုတ်များတွင်လည်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးသာရှိပြီး “ထပ်တိုးမည့်အကြံ ဒို့လက်မခံ” ဟု ဖေါ်ပြထား သည်ကို တွေ့ရှိရသည်။
ရခိုင်လူငယ်များအဖွဲ့မှ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၉ရက်က ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဘင်္ဂါလီများကို မြန်မာနိုင်ငံ သားအဖြစ် အပြည့်အ၀ပေးရန် တိုက်တွန်းခဲ့ပြီး ပညာရေး၊ ကျန်းမာရေးများတွင်သာ တူညီမျှရှိရန် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ ကို ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ်ရောက် ရှိလာသော ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စား လှယ်မစ္စ ယန်ဟီလီက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အစီရင်ခံစာတင်သွင်းရ မည့် သူဖြစ်သည်။ ၄င်းသည် ဇန်နဝါရီ ၇ ရက်မှ ၁၆ ရက်အထိ ဆယ်ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို လေ့လာရန် ရောက်ရှိလာပြီး ၂၀၁၅ ခုနှစ် ဧပြီလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်စီတွင် တင်ပြမည်ဖြစ်သည်။
မစ္စယန်ဟီလီသည် ၆၉ ကြိမ်မြောက်ကုလ သမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံနှင့် ပတ်သက် သည့် လူ့အခွင့်အရေးအစီရင်ခံစာတွင် တင်သွင်းခဲ့ပြီးဖြစ်သည်။
(၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ လူ့အခွင့်အရေး ကော်မတီက ရခိုင်ပြည် နယ်ရှိ ရိုဟင်ဂျာ လူနည်းစုမွတ်စလင်တွေကို တန်းတူညီမျှ အခွင့်အရေးပေးသည့် အနေဖြင့် နိုင်ငံသား အဖြစ် သတ်မှတ်ပေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
Written by နန်းမြင့်
Source:mizzimaburmese.com

0 comments:
Post a Comment