ယာယီ သက်သေခံလက်မှတ်ဖြင့် မဲပေးရေး လွှတ်တော်ဆုံးဖြတ်ချက် ဖွဲ့စည်းပုံနှင့် မညီဟု ခုံရုံးဆုံးဖြတ်

Parliament-3
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
နေပြည်တော် (မဇ္ဈိမ)။ ။ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူများ (White card) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီညွတ်ဟု ခုံရုံးက အကြောင်းပြန်လိုက်သည်။
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဦးဆောင်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ၊ မညီတင်ပြခဲ့ရာ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၁ တွင်ပါရှိသော ဥပဒေအရ ဆန္ဒမဲပေးခွင့် ရှိသည်ဆိုရာတွင် နိုင်ငံသား အရည်အချင်းရှိသူများကိုသာ ရည်ရွယ်ကြောင်း မြင်သာပါသည်။ ၆ ယာယီသက်သေခံလက် မှတ်ဆို သည်မှာ အကြောင်းတရားအရ အချိန်ကာလတစ်ခုအတွက် ယာယီထုတ်ပေးခြင်းသာဖြစ်သဖြင့် ယာယီ သက်သေ ခံလက်မှတ်ကိုင်ဆောင်သူများသည် စိစစ်မှုခံယူရဦးမည် ဖြစ်သည်။
အဆိုပါအခြေအနေတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဖော်ဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးများ၌ ပါဝင်ခွင့်ပြုမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံပုဒ်မ ၄၊ ပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) ပုဒ်မ ၃၉၁ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်း နေခြင်းဖြစ်ပါသည်ဟု ပါရှိသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေတွင် ပုဒ်မ ၁၁ ပုဒ်မှခွဲ (က) ၌ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးသူများအဖြစ် ပြဋ္ဌာန်းထားချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိပါကြောင်း ပြန်ကြားအပ်ပါသည်။
ပြည်ထောင်စု လွှတ်တော်နာယက ပေးပို့စာနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ပြန်ကြားချက်စာများကို မှတ်တမ်းတင်၍ ပြန်ကြားချက် နှင့်အညီ ဥပဒေကြမ်း ပူးပေါင်းကော်မတီသို့ ပေးပို့သွား မည်ဖြစ်ကြောင်း ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။
Written by  ဝင်းကိုကိုလတ်
Source:http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/39151-2015-02-17-02-10-32
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment