မယ်တော်ဆေးခန်း ပြောင်းရွှေ့မယ့် အဆောင်သစ်နေရာ မီးလောင်မှုဖြစ်ပွားခဲ့



ထိုင်းမြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း သင်တန်း ခန်းမဆောင်သစ် နေရာမှာ
ဖေဖေါ်ဝါရီ ၂၅ ရက်နေ့  ညနေ ၄ နာရီကျော်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အဆောင်နေတန်းလျား ၄ ခု မီးလောင်ကျွမ်းခံခဲ့ရပြီး အဆောင်နေ ကျောင်းသား စုစုပေါင်း ၆၂ ယောက်ရဲ့ ကျောင်းအသုံးအဆောင်ပစ္စည်းတွေ၊ ကျောင်းသုံး စာအုပ်တွေ၊ ကွန်ပြူတာတွေ၊ အ၀တ်အထည်တွေနဲ့ စားသုံးကုန်ပစ္စည်းတွေ ဆုံးရှူံးခဲ့ပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရင်းက အနီးပတ်ဝန်းကျင်ကြံစိုက်ခင်းကနေ တောင်ယာမီးရှို့ ရာကနေ မယ်တော်ဆေးခန်း သင်တန်းခန်းမဆောင်ရှိရာ ကြံခင်းတွေအထိကူးစက်ပြီး သင်တန်းခန်းမဆောင်အထိဆီကို လောင်ကျွမ်းခဲ့ပါတယ်။

အဆောင်နေကျောင်းသား ၆၂ ယောက်ဟာ မဲဆောက်မြို့ရှိ စီဒီစီကျောင်းမှာ လက်ရှိ ၁၂ တန်းနဲ့  ၁၁ တန်းကျောင်းသားတွေဖြစ်ပြီး စာမေးပွဲနီးကပ်ချိန်မှာ အခုလိုဖြစ်သွားတာကြောင့် စာမေးပွဲဖြေဆိုနိုင်ဖို့ အခက်အခဲ ဖြစ်နေကြပါတယ်။ သူတို့ကို အခုလက်ရှိ အရေးပေါ်အနေနဲ့ စီဒီစီကျောင်းစာသင်ခန်းတွေမှာ နေရာချထားပေးပါတယ်။

၂ နာရီကျော်ကြာလောင်ကျွမ်းခဲ့တဲ့ မီးကို မဲဆောက်မြို့ မီးသတ်ဌာနက လာရောက်ငြိမ်းသတ်ခဲ့ပါတယ်။ အခုမီးလောင်ကျွမ်းခဲ့တဲ့ မယ်တော်ဆေးခန်း သင်တန်းခန်းမဆောင်နေရာဟာ လာမယ့် မတ်လကျရင် အသစ်ပြန်လည် ပြောင်းလဲဖွင့်လှစ်ထားဖို့ အစီအစဉ်ရှိထားပါတယ်။

သတင်းဓာတ်ပုံ -ဥာဏ်စိုး (DVB)
DVB TV News
https://www.facebook.com/DVBTVNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment