ရတနာပုံတက္ကသိုလ်နှင့် ကန်တော်ကြီးအနီးရှိ အလုံပိတ်အအေးဆိုင်များ စတင်အရေးယူ


ကန်တော်ကြီးပတ်လမ်းတွင် ဖွင့်လှစ်ထားသော အလုံပိတ်အအေးဆိုင်အခန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ ၀င်ရောက်စစ်ဆေးနေစဉ် (ဓာတ်ပုံ−ရဲရင့်ဖေ့စ်ဘွတ်ခ်)
မန္တလေးကန်တော်ကြီး နှင့် ရတနာပုံတက္ကသိုလ်အနီးတွင် ဖွင့်လှစ်ထားသောအလုံပိတ်အ အေးဆိုင်များကို  စတင်အရေး ယူနေကြောင်းသတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၈ရက်က အမ ရပူရမြို့နယ် ထန်းတောကျေးရွာ အုပ်စု တောင်သမန်အင်းပတ်ဝန်း ကျင်တွင် တဲများ  ဆောက်လုပ် ကာ အခန်းများဖွဲ့၍  နှစ်ယောက်တွဲ ထိုင်ခုံများထားရှိသည့်   အအေး နှင့်စားသောက်ဆိုင်များ   ဖွင့် လှစ်ရောင်းချနေသည်။  ထိုဆိုင် များကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်မှုဖြင့် ဆိုင်ရှင် ၁၁ဦးကို  စည်ပင်သာယာတရား ရုံးသို့    တရားစွဲဆိုတင်ပို့ထားကြောင်း  အမရပူရမြို့နယ်စည်ပင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျကပြောသည်။
‘‘အကြိမ်ကြိမ်သူတို့ကိုအသိ ပေး၊ သတိပေးလက်မှတ်တွေထိုး ထားပြီး မလိုက်နာတဲ့အတွက် ကြောင့်ပါ’’ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီ ၂၀ရက်က လည်း ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းအရှေ့နှင့် အနောက်တို့တွင်   ခွင့်ပြုချက်မဲ့ တရားမ၀င်အလုံပိတ်တဲများ၊ အခန်းများကန့်၍  စုံတွဲများနားခိုရန် ပြုလုပ်ကာ ဖွင့်လှစ်ရောင်းချနေ သည့်အတွက် လုပ်ငန်းလုပ်ကိုင် နေသူ ၁၃ဦးကို  စစ်ဆေးအရေး ယူထားကြောင်း ချမ်းမြသာစည်မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးဦးဖုန်းလွင်ကပြောသည်။
  ‘‘အအေးရောင်းတာက ရောင်းလို့ရတယ်။ ခုဟာက ဘိသ ဘောမျိုး   လုပ်နေတဲ့အတွက် ကြောင့်ပါ’’ဟု ၎င်းကဆိုသည်။
အဆိုပါအလုံပိတ်တဲများ၊ အခန်းများကိုလည်း ဖျက်သိမ်းခိုင်းထားကြောင်းစည်ပင်သာယာ တာဝန်ရှိသူများကပြောသည်။ အလုံပိတ်အအေးဆိုင်များသို့ စုံတွဲများအများဆုံးလာရောက်လေ့ရှိ ပြီး မန္တလေးတောင်ခြေသုဓမ္မာဇရပ် တန်းနှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် လည်း စုံတွဲများသီးသန့်ထိုင်နိုင် ရန် အအေးဆိုင်များဖွင့်လှစ်ထား ကြောင်း မန္တလေးဒေသခံအချို့က ပြောသည်။
Source:http://7daydaily.com/story/32311#.VOmACfnF9B0
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment