ဂက်စ်တိုဘား အမှုတွင် တရားစွဲဆိုထားသူများကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ− ဇွဲဉာဏ်)
ဗုဒ္ဓရုပ်ပွားတော်ကို နား ကြပ်တပ်ထားသည့်ပုံဖြင့် ဖေ့စ် ဘွတ်ခ်ပေါ်တွင် ကြော်ငြာခဲ့သော ဂက်စ်တိုဘား တာဝန်ရှိသူများ အား စွဲဆိုထားသော ပုဒ်မများနှင့်ပတ်သက်၍ အပြီးသတ်လျှောက် လဲချက်ကို မတ်လ ၃ ရက်တွင် တင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအ တွင်း ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားသော ပုံဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ကြော်ငြာသည့်အဆိုပါဆိုင်ကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ယာယီပိတ်ထားပြီး မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သော ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် ဘုရားပုံကို လူမှုကွန်ရက်ပေါ်တင်၍ ကြော် ငြာခဲ့သည့်ဆိုင်အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသားတို့ သုံးဦးကို ဖမ်းဆီး၍ ပုဒ်မ ၂၉၅၊ ၂၉၅ (က)နှင့် ပုဒ်မ ၁၈၈ တို့ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။
သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၅ (က)နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၄ ရက် ရုံးချိန်းတွင် အပြီးသတ်စစ်ဆေးခဲ့ပြီး ပုဒ်မ ၁၈၈ နှင့် ပတ်သက်၍ ဖေဖော်ဝါ ရီ ၁၇ ရက် ရုံးချိန်း၌ တရားစွဲ ဆိုခံထားရသူများကို အပြီးသတ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
သာသနာညှိုးနွမ်းစေမှုနှင့် ပတ်သက်၍ သက်သေများတင် သွင်းခဲ့သော်လည်း ပုဒ်မ ၁၈၈ နှင့် ပတ်သက်ပြီး သက်သေတင်ခဲ့ ခြင်းမရှိသောကြောင့် မတ်လ ၃ ရက်ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက်တင်ရန် ဗဟန်းမြို့နယ် တရားသူကြီးက အမိန့် ချမှတ်ခဲ့သည်။ ‘‘အပြီးသတ်လျှောက်လဲ ချက်တင်ပြီးရင်တော့ နောက်တစ် ကြိမ်ရုံးချိန်းမှာ အမိန့်ချမှာပါ’’ဟု တရားစွဲဆိုခံထားရသည့် နယူးဇီ လန်နိုင်ငံသား ဖီးလစ်၏ ရှေ့နေ ဦးမြသွေးကပြောသည်။
By
0 comments:
Post a Comment