ဈေးကွက်အတွင်းရှိ ပဲအမျိုးမျိုး (ဓာတ်ပုံ - နစ်ကီ)
အိန္ဒိယကုန်သည်များ ဈေးတိုးပေးဝယ်ယူမှုကြောင့် ပြည်တွင်းဈေးကွက်တွင် ပဲမျိုးစုံဈေးမြင့်တက်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သတင်းရရှိသည်။
‘‘ပဲအသစ်က သူတို့ထင်ထားသလောက် မထွက်တာသိတော့ ဈေးတိုးပေးပြီး ပြန်ဝယ်လာတယ်’’ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦး မင်းကိုဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ရာသီဥတု ဖောက်ပြန်ပြီး ပဲစိုက်ပျိုးချိန်၌ မိုးရွာသဖြင့် ရောဂါများကျကာ အထွက်နှုန်းနည်းကြောင်း ဓနုဖြူမြို့ နယ်မှ မတ်ပဲစိုက်တောင်သူ ဦးသိန်းအောင်က ပြောကြားသည်။
ရာသီဥတုနှင့် ရောဂါကြောင့်အထွက်နှုန်းနည်းခြင်း၊ ယခင်နှစ် က ဈေးမရခဲ့သဖြင့် ပဲတီစိမ်းကို ပြောင်းလဲစိုက်ပျိုးခြင်းများကြောင့် ယခုနှစ်မတ်ပဲအထွက်မှာ ပုံမှန်ထက် တန်ချိန် နှစ်သိန်းခန့် လျော့ နည်းနိုင်ပြီး ပဲစင်းငုံမှာလည်း အ ထွက်တန်ချိန် တစ်သိန်းခန့်လျော့ နည်းနိုင်ကြောင်း ဦးမင်းကိုဦးက ပြောသည်။
ယခင်နှစ်က ပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန်လျှင်ကျပ် ခြောက်သိန်းခန့်သာရှိရာမှ ယခုနှစ်တွင် ကျပ်ရှစ်သိန်းခြောက်သောင်းကျော်ထိ ဈေးရှိနေသည်။ ပဲစင်းငုံမှာလည်း ယခင်နှစ်အ သစ်ပေါ်ချိန် တစ်တန်လျှင် ကျပ် ခြောက်သိန်းရှိရာမှ လက်ရှိတွင် ကျပ် ကိုးသိန်းကျော်ထိ ဈေးရှိနေသည်။ ပဲတီစိမ်းမှာလည်း ပိဿာ ၆၀ တစ်အိတ်လျှင် ကျပ်တစ်သိန်းခန့်ရှိရာမှ ယနေ့တွင် တစ်အိတ်လျှင် ကျပ်တစ်သိန်းတစ်သောင်းခွဲထိ ဈေးရှိနေသည်။
ပြည်တွင်း၌ ပဲတီစိမ်းသည် ဈေးကွက်များပြီး ဈေးနှုန်းတည်ငြိမ်သဖြင့် လယ်သမားများ ပိုမိုစိုက်ပျိုးခြင်းဖြစ်ကာ လက်ရှိပဲတီ စိမ်းဈေးကွက်မှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဆီယံနိုင်ငံများ သို့ တင်ပို့ရောင်းချနေရသည်။
By
0 comments:
Post a Comment